တစ်မျိုးသားလုံးအရေးကို ငြိမ်းချမ်းရေးအသွင်ဖော်ဆောင်နိုင်ဖို့ KNUနဲ့ KNLAကို ကရင်ပြည်နယ်ကျောင်းတိုက် ၁၀ တိုက်က ဆရာတော်တွေ တောင်းဆို

(ပြည်တွင်း)ဧပြီ ၉

လူသားချင်း ကိုယ်ချင်းစာနာထောက်ထားရေးကို ရှေးရှုပြီး ပဋိပက္ခဆောင် အချင်းချင်းတို့၏ ထာဝရငြိမ်းချမ်းရေးမဏ္ဍိုင် ပူးပေါင်းတည်ဆောက်နိုင်စေရေးနှင့် တစ်မျိုးသားလုံးအရေးအား ငြိမ်းချမ်းရေးအသွင် ဖော်ဆောင်နိုင်ကြစေရန် အထူးမေတ္တာရပ်ခံပန်ကြားသိစေအပ်ပါသည်ဟု ကရင်ပြည်နယ် အတွင်းရှိ ကျောင်းတိုက် ၁၀ တိုက်မှ ဆရာတော်များက လက်မှတ်ထိုးတောင်းဆိုလိုက်ကြောင်း သိရသည်။


ကရင်ပြည်နယ် မဟာထေရ်ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူပြီး ကရင်ပြည်နယ် ဘားအံမြို့ရှိ တောင်ကလေးဆရာတော်၊ ဗုဒ္ဓဂယာဆရာတော်၊ လမင်းပရိယတ္တိစာသင်တိုက်၊ လောကအတုလမာရ်အောင်ဆရာတော်၊ ဘုရားလုံဆရာတော်၊ Subjectအေးဆရာတော်၊ ခွဲကဘောင်ပညာဥယျာဉ်ကျောင်းဆရာတော်နဲ့ လှိုင်းဘွဲ့မြို့မှ မဲဆမိတ်ဆရာတော်၊ ကမော့လဲ ပြည်နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်တို့ လက်မှတ်ထိုးကာ KNU နှင့် KNLA တို့အား မေတ္တာရပ်ခံ ခဲ့ကြောင်း သိရသည်။


အဆိုပါ မေတ္တာရပ်ခံစာ၌ ဧပြီလ ၅ ရက်နေ့တွင် ကျင်းပသော ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်း သံဃာတော်များ၏ လိုလားတောင့်တချက်များဖြစ်သည့် တစ်မျိုးသားလုံး ငြိမ်းချမ်းရေး၊အလုံးစုံ သွေးစည်းညီညွတ်ရေး၊ ထာဝစဉ်အမြဲငြိမ်းချမ်းရေးအတွက် လိုလားနှစ်သက်တော်မူကြသည့် အလျှောက် ကရင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော စစ်ဘေးစစ်ဒဏ်များဖြင့် ဘာသာရေး အဆောက်အဦးများ၊ ဆက်သွယ်ရေး လမ်းတံတားများ၊ ပညာသင်ကြားရေး စာသင်ကျောင်းများ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ စစ်ဘေးရှောင် ပြည်သူများတို့၏ ဘဝဘေးဒဏ်များ ကင်းဝေးစေနိုင်ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာရဟန်းတော်များ အနေဖြင့် အထူးမေတ္တာရပ်ခံပန်ကြားခဲ့ကြောင်း သိရသည်။


ကရင်ပြည်နယ်၊ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်ပြီး ကရင်ပြည်နယ်၊ဘားအံမြို့၊ လှာကဒေါင်ကျေးရွာအုပ်စု၊ လှိုင်းပုံရွာ၊ လမင်းပရိယတ္တိစာသင်တိုက်၌ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က ကရင်ပြည်နယ်အတွင်းရှိ ဆရာတော် သံဃာတော်များတွေ့ဆုံခဲ့ကြပြီး ယခုခဲ့သို့ မေတ္တာရပ်ခံစာပေါ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#PAN