ဘီးလင်းမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား အကြမ်းဖက် PDF အဖွဲ့မှ Drop Bomb ချတိုက်ခိုက်


ဧပြီ ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်ရှိ ဘီးလင်းမြို့နယ်ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအား ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က Drop Bomb ပစ်ချခံရကြောင်း သိရှိရသည်။

အကြမ်းဖက် PDF (စိစစ်ဆဲ)အဖွဲ့မှ Drone ယာဉ်အသုံးပြု၍ Drop Bomb ၃ လုံးပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ရုံးအဆောက်အဦပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ လျှောက်လမ်းပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး မျက်နှာကျက်နှင့် သွပ်မိုးများပျက်ဆီးခဲ့ကြောင်း လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရှိရသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများ အပြင် လူနေအဆောက်အဦများနှင့် အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည်။

PAN