တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူအရေအတွက် စံချိန်တင်


(နိုင်ငံတကာ) ဧပြီ ၇

တောင်ကိုရီးယားလွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူအရေအတွက် စံချိန်တင်


(နိုင်ငံတကာ) ဧပြီ ၇

တောင်ကိုရီးယားနိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးမှုကို ယခုသီတင်းပတ်အကုန်တွင် ပြုလုပ်ရာ ကြိုတင်မဲပေးသူအရေအတွက်မှာ စံချိန်တင်သွားကြောင်းသိရသည်။

အမျိုးသားရွေးကောက်ပွဲ ကော်မရှင် ၏ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲအတွက် မဲပေးခွင့်ရှိသူ ၄၄ သန်း ကျော်အနက် ၁၁ သန်းကျော်မှာ ဧပြီလ ၆ ရက် မွန်းလွဲ ၃ နာရီအထိ လာရောက်ကြိုတင်မဲပေးကြသည်ကို တွေ့ရ သည်။ ရာခိုင်နှုန်းအားဖြင့်ဆိုလျှင် ၂၆ ဒသမ ၅၃ ရာခိုင်နှုန်းရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် လွှတ်တော်ရွေးကောက်ပွဲများအတွက် ကြိုတင်မဲပေးသူအရေအတွက်မှာ ၂၁ ဒသမ ၉၅ ရာခိုင်နှုန်းသာရှိသည်။

ထိုပြင် ကြိုတင်မဲစတင်ပေးနိုင်သည့် ဧပြီလ ၅ ရက် တစ်ရက်တည်းမှာပင် ကြိုတင် မဲပေးသူ အရေအတွက် ၆ ဒသမ ၉ သန်းခန့်ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၁၅ ဒသမ ၆ ရာခိုင်နှုန်းအထိ ရှိသည်။ တောင်ကိုရီးယားနိုင်ငံက ကြိုတင်မဲပေးမှုစနစ်ကို ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ယခု ကြိုတင်မဲ ပေးမှုတွင် လာရောက်မဲပေးနိုင်ခြင်းမရှိသူများက ဧပြီလ ၁၀ ရက်တွင် မဲပေးရမည်ဖြစ်ကြောင်းသိရသည်။

PAN