ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ အမှတ်(၁) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား


ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ အမှတ်(၁) ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်မှုမှာ ဆိုလာဖြင့် ဘက္ကထရီအားသွင်းရာမှ အပူချိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်းရာမှ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိပါသည်။