ဖင်လန်က စာသင်ကျောင်းတစ်ကျောင်းတွင် ၁၂ အရွယ်ကလေးငယ်တစ်ဦးက ပစ်ခတ်မှုဖြစ်ပွား


ဧပြီ ၂

ဖင်လန်က စာသင်ကျောင်းတစ်ကျောင်းတွင် ၁၂ အရွယ်ကလေးငယ်တစ်ဦးက ပစ်ခတ်မှုဖြစ်ပွား


ဧပြီ ၂

ဖင်လန်နိုင်ငံ Vantaa ဒေသရှိ Viertola စာသင်ကျောင်းတွင် အင်္ဂါနေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် သံသယရှိသူ ၁၂ အရွယ် ကျောင်းသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သေနတ်သမားဟု သံသယရှိသူ ကျောင်းသားသည် ဟယ်စင်ကီမြို့ မြောက်ပိုင်းသို့ထွက်ပြေးခဲ့ပြီး တာပူလီကာပူပန်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည် ဟုဆိုသည်။

ယနေ့ အင်္ဂါနေ့နံနက် ဒေသစံတော်ချိန် ၁၀ မိနစ် ဝန်းကျင်တွင်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်များ၏ အခြေအနေနှင့် ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့်လက်နက်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိပေ။

အဆိုပါကျောင်းသည် ကျောင်းသား ကျောင်းသူ ၈၀၀ ဦးခန့်နှင့် ကျောင်းဝန်ထန်း ၉၀ ဝန်းကျင်ခန့်ရှိပြီး ပစ်ခတ်မှုကြောင့် စာသင်ခန်းအတွင်း နေထိုင်ရန် ညွှန်ကြားထားပြီး အနီးဝန်းကျင်ဒေသများကိုလည်း သူစိမ်းများကို နေအိမ်တွက်လက်ခံခြင်းမပြုပဲ အိမ်ထဲတွင်သာနေထိုင်ရန် ညွှန်ကြားထားကြောင်းသိရသည်။

PAN