ဧပြီ ၂
ဟားမတ်စ်ခေါင်းဆောင် Ismail Haniyeh ၏ အစ်မတစ်ဦးဖြစ်သူတစ်ဦးကို အစ္စရေးက ဖမ်းဆီးထားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများက ဆိုသည်။
အစ္စရေးတောင်ပိုင်းတွင်နေထိုင်သည့် အဆိုပါအမျိုးသမီးအား အကြမ်းဖက်အဖွဲ့များနှင့် အဆက်အသွယ်ရှိပြီး ထောက်ပံ့သည်ဟုဆိုကာ အစ္စရေးရဲတပ်ဖွဲ့နှင့် Shin Bet အထူးတပ်ဖွဲ့နှင့် ပူးပေါင်းကာ စီးနင်း ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က အချက်အလက်များကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း Ismail Haniyeh အစ်မဖြစ်သူ Sabah Avad al-Salam Haniyeh ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြခဲ့သည်။
ဖမ်းဆီးခံရသည့် အမျိုးသမီး၏ နေအိမ်တွင် လုံခြုံရေးဆိုင်ရာအချက်အလက်များ တယ်လီဖုန်းဆက်သွယ်ပြောဆိုထားမှုများ မီဒီယာနှင့်ချိတ်ဆက်ပြောဆိုမှု အထောက်အထားများတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
Sabah သည် Ismail Haniyeh မောင်နှမ ၈ ဦးအနက်မှ တစ်ဦးအပါအဝင်ဖြစ်ပြီး အစ္စရေးနိုင်ငံ Tel Sheva မြို့တွင် နေထိုင်သည့် မုဆိုးမတစ်ဦးဖြစ်ကြောင်းသိရသည်။
#PAN
Telegram link
https://t.me/positiveanglenews