PDF များ၏ ပစ်ခတ်မှုကြောင့် တောင်စွန်း နှင့် ကင်မွန်းချောင်းသို့ ပေးပို့သော ဓာတ်အားလိုင်းမှ သိန်း ၁၅၀၀ ခန့်တန်ဖိုးရှိသည့် 33KV GCB(Gas Circuit Breaker) ကြွေသီး (၁)လုံး ထိမှန်ပျက်ဆီး


(ပြည်တွင်း) ဧပြီ ၂

အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် KNU/ PDF များမောင်နှင်လာသည့် Honda Fit အနက်ရောင်ယာဉ်သည် ယနေ့ဧပြီလ ၂ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် ကျိုက်ထို- ကင်မွန်းချောင်း ကျေးရွာလမ်းအတိုင်း လာရောက်၍ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား ယာဉ်ပေါ်မှ လက်နက်ဖြင့် (၁၅)ချက် ခန့် ပစ်ခတ်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အားခွဲရုံအတွင်း တာဝန်ကျ လုံြခုံရေးအဖွဲ့မှ ပြန်လည် ပစ်ခတ်ခဲ့သဖြင့် ကင်မွန်းချောင်း ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများဖြစ်သည့် KNU/ PDF များ၏ ပစ်ခတ်မှုကြောင့် မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံရှိ တောင်စွန်း နှင့် ကင်မွန်းချောင်းသို့ ပေးပို့သော ဓာတ်အားလိုင်းမှ ခန့်မှန်းဆုံးရှုံး မှုတန်ဖိုး-၁၅၀,၀၀၀,၀၀၀ ကျပ်တန်ဖိုးရှိသည့် 33KV GCB(Gas Circuit Breaker) ကြွေသီး (၁)လုံး ထိမှန်ပျက်ဆီးသွားခဲ့ကြောင်း သိရသည်။

မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံနောက်ဘက် တောင်သူစုရပ်ကွက်၊ နောင်ဘိုစုပိုင်း နေ မသဲသဲအောင် (၂၈)နှစ်၊ (ဘ)ဦးဖိုးနီ၊ သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သောင်းကျန်းသူများ၏ ပစ်ခတ်မှု ကြောင့် ယာဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်)ရတို့ ရှိခဲ့သဖြင့် ကျိုက်ထို ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

PAN