ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုတွင် အီရန်ဗိုလ်ချုပ်များသေဆုံး


ဧပြီ ၂

ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုတွင် အီရန်ဗိုလ်ချုပ်များသေဆုံး


ဧပြီ ၂

ဆီးရီးယားနိုင်ငံအတွင်းရှိ အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုတွင် အီရန်စစ်ဘက်ထိပ်တန်းခေါင်းဆောင်များ သေဆုံးကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်မှ ထုတ်ပြန်သည်။

အီရန်သံရုံးအနီးရှိ အဆိုပါတိုက်ခိုက်မှုတွင် အီရန်၏ Quds တပ်ဖွဲ့၏ အကြီးတန်းတပ်မှူး မိုဟာမတ်ရီဇာ ဇာဟီဒီနှင့် ၎င်း၏ လက်ထောက် ဗိုလ်မှူးချုပ် မိုဟာမတ် ဟာဂျီ ရာဟီမီတို့လည်း သေဆုံးခဲ့ကြောင်းသိရသည်။

ဧပြီလ ၁ ရက်နေ့ တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့ကြောင်း ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်သူများက အဆိုပါတိုက်ခိုက်မှုတွင် Quds တပ်ဖွဲ့၏ အကြီးတန်းတပ်မှူးအပါအဝင် အီရန်အကြံပေးနှစ်ဦးနှင့် တပ်ဖွဲ့ဝင် ၅ ဦး စုစုပေါင်း ၈ ဦးသေဆုံးကြောင်း ထုတ်ပြန်သည်။

PAN