မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန် ဖမ်းဆီးရမိ

(ပြည်တွင်း) ဧပြီ ၂

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မတ် ၂၉ ရက် နံနက် ၇ နာရီခွဲတွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ စောင့်ဆိုင်းနေစဉ် နန့်ရင်းကျေးရွာ တောလမ်းအတိုင်း မောင်းနှင်လာသည့် ဆိုင်ကယ် ၃ စီးနှင့် YANG FOND ၆ ဘီး မော်တော်ယာဉ် ၃ စီးတို့ကို စစ်ဆေးရှာဖွေရာ ဝင်းဇော်၊ ထက်ဝေမိုး၊ ဇော်လင်းထွန်း၊ ညီလင်းအောင်၊ ဝေယံမြင့်၊ ငြိမ်းချမ်း၊ နန်အောင်၊ သန့်ဇင်ဦးနှင့် သောင်းဟန်ငြိမ်းတို့ ၉ ဦးအား ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၃၆ ဒသမ ၈၂ တန်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

#PAN