ယင်းမာပင်မြို့ ၊ လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး အကြမ်းဖက် PDF အဖွဲ့များ၏ ဖမ်း‌ဆီးခေါ်ဆောင်သွားခြင်းခံရ


‌မတ် ၂၉

ယင်းမာပင်မြို့ ၊ လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး အကြမ်းဖက် PDF အဖွဲ့များ၏ ဖမ်း‌ဆီးခေါ်ဆောင်သွားခြင်းခံရ


‌မတ် ၂၉

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်ခြင်း၊ အမြင်မတူညီသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နိုင်ငံဝန်ထမ်းများကိုပါ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ယမန်နေ့ ည ၈ နာရီ အချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ ၊ လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူးကို အကြမ်းဖက် PDFအဖွဲ့များက ဖမ်း‌ဆီးခေါ်ဆောင်သွားခဲ့ကြကြောင်း သိရသည်။

လူဝင်မှု့ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဒေါ်နီလာအောင်သည် ၎င်း၏ နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းခံရကြောင်း သိရသည်။အဆိုပါ ယင်းမာပင်မြို့နယ်သည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသော မြို့နယ်များထဲတွင်ပါဝင်သော မြို့နယ်တခုဖြစ်ကြောင်း သိရှိရသည်။

PAN