ထိုင်းမှာ CI လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေ PJ ပတ်စ်ပို့ လုပ်ပေးမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးပြော

‌မတ် ၂၉

ထိုင်းမှာ CI လက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေ PJ ပတ်စ်ပို့ လုပ်ပေးမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးပြော


‌မတ် ၂၉

ထိုင်းမှာ CI လက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေကို PJ ပတ်စ်ပို့ လုပ်ပေးမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံးက ပြောပါတယ်။

အခုလက်ရှိ ထိုင်းနိုင်ငံရဲ့ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များ၌ CI လက်မှတ်ကိုင်ဆောင်ပြီး အလုပ်လုပ် ကိုင် နေသူများအား PJ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးရေး လုပ်ငန်းစဉ်ကို အခု မတ်လ က စပြီးတော့ Mobile Team ဖြင့် စတင်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

CI စာအုပ်မှ PJ နိုင်ငံကူးလက်မှတ်ပြုလုပ်ဖို့အတွက် ကိုင်ဆောင်ထားသည့် CI စာအုပ် မူရင်း၊ ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော နေထိုင်ခွင့်လက်မှတ် (ဗီဇာ)၊ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) နိုင်ငံသား စိစစ် ရေး ကဒ်မူရင်းနဲ့ အိမ်ထောင်စုစာရင်းမိတ္တူတို့ လိုအပ်တယ်လို့ ပြောပါတယ်။

အဲဒီ အထောက်အထား ၅ မျိုး ပြည့်စုံရင် ထိုင်းနိုင်ငံမှာပဲ PJ နိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ပြီး MOU လုပ်သား စာရင်းဝင်ရောက်နိုင်ရန် သက်ဆိုင်ရာ စက်ရုံ/အလုပ်ရုံ၊ လုပ်ငန်းခွင်တာဝန်ရှိသူများနှင့် အလုပ်သမားသံအရာရှိရုံးတို့ ညှိနှိင်းဆောင်ရွက်နိုင်တယ်လို့ ဆိုပါ တယ်။

လုပ်ဆောင်ရမည့်အချက်များကတော့ အရင်ဆုံးအချက်အလက်ကောက်ယူမှာဖြစ်ပြီး အချက်အလက် တွေကို မှန်ကန်မှု ရှိ/မရှိနှင့် ထုတ်ပေးရန်ခွင့်ပြုချက်တိုကို နေပြည်တော် သက်ဆိုင်ရာဌာနများဖြင့် ဆက်သွယ် ဆောင်ရွက်ရသလို အချက်အလက်ကောက်ယူပြီးတဲ့ နေ့ကစလို ၄၅ ရက် အတွင်း ခွင့်ပြုသူများကို PJ နိုင်ငံကူး လက်မှတ်ထုတ်ပေးမယ်လို့ ပြောပါတယ်။

ဒီနေရာမှာ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံသားစိစစ်ရေး လက်မှတ် လိမ်ညာ ဖြည့်စွက်သူများ ထုတ်ခွင့်မရနိုင်ဘူး လို့လည်း သံရုံးက ပြောပါတယ်။

PAN