မိုးမောက်မြို့နယ်၊ မင်းဂျမ်းကျေးရွာတွင်းသို့ အကြမ်းဖက်KIAတို့၏လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ၁ ဦးသေဆုံး၂ ဦး ဒဏ်ရာရရှိ


မတ် ၂၆
ယနေ့ နံနက် ၅ နာရီချိန်ခန့်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မင်းဂျမ်းကျေးရွာတွင်းသို့ အကြမ်းဖက် KIA တို့၏လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပျက်စီးကာ သေဆုံးထိခိုက်မှုများရှိကြောင်း သိရသည်။

အဆိုပါ နေအိမ်ကို အကြမ်းဖက် KIAအဖွဲ့၏ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာ အိမ်အတွင်းရှိ မိသားစုဝင်များထဲမှ ၁၀ နှစ်အောက်ယောကျ်ားလေး ၁ ဦး ၊၁၀ နှစ်အရွယ်မိန်းကလေးငယ် ၁ ဦး လက်နက်ကြီးစထိမှန်ကာ မစိုးရိမ်ရဒဏ်ရာများရရှိခဲ့ပြီး ၃၀ နှစ်ခန့်အရွယ်ရှိ အမျိူးသား ၁ ဦးသည် နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ယခုအခါ ၎င်းမင်းဂျမ်းကျေးရွာမှဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရပြီး ရွာတွင်း‌နောက်ဆက်တွဲအခြေအနေများကို မသိရှိကြောင်းနှင့်ထိုဒဏ်ရာရသူ ၂ ဦးနှင့်သေဆုံးသူကို မည်သို့ဆောင်ရွက်ထားသည်ကိုမသိရှိကြောင်း တိမ်းရှောင်လာသည့်ဒေသခံများထံကသိရှိရသည်။

#PAN

Telegram link

https://t.me/positiveanglenews