မြေကျန်လျှင်တော်ပြီဟု ပင်လောင်းဒေသများပြော

မတ် ၂၃

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှုများအပြီး လက်နက်ကိုင်ပုန်ကန်ကြသသည့် အကြမ်းဖက်သောင်းကျန်းသူများမှ ပင်းလောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံများအား ဒေသတွင်းမှ ထွက်ခွာပေးရန်နှင့် သွားလာခြင်းမပြုရန် သတိပေးပြီးနောက် ယင်းဒေသများတွင်တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်ဘက်ရှိ နန်းတုတ်ကျေးရွာအတွင်းသို့ အကြမ်းဖက်သောင်းကျန်းသူများဝင်ရောက်ပြီး နေအိမ်များအား စစ်ရေးအဆောက်အဦမျဖြင့်အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

လူနေအိမ်များအား အကာအကွယ်ယူကာ ​ပစ်ခတ်တိုက်ခိုက်နေသည့် အကြမ်းဖက်သောင်းကျန်းသူများအား မြေပြင်စစ်ကြောင်းနှင့် လေကြောင်းတို့မှ ရှင်းလင်းနေကြောင်းသိရသည်။”အိမ်ထဲဝင်တယ်၊ ရှိတာတွေဖောက်ထွင်းယူတယ် အိမ်ထဲက​နေပစ်တော့ တပ်ကပြန်ပစ်တယ် နေအိမ်တွေထိတာတော့ရှိတယ်။

ထိပါစေ မြေကျန်ရင် အိမ်ကပြန်ဆောက်လို့ရတယ် ဒီကောင်တွေမကျန်ဖို့လိုတယ် ကုန်အောင်ပဲရှင်းပေးပါ” ဟု ဒေသခံများက တောင်းဆိုနေကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသရှိ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးမြို့နယ်နှင့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တို့တွင် ကရင်နီသောင်းကျန်းသူ KNDF နှင့် PDF အကြမဖက်များ၊ PNLA သောင်းကျန်းသူများမှ စစ်ရေးဖော်ဆောင်ကာ ပစ်ခတ်တိုက်ခိုက်မှာများ ပြုလုပ်နေသည်။

နေအိမ်များ ဘာသာရေးဆိုင်ရာအဆောက်အဦများအတွင်းမှ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျှင် အဆိုပါအဆောက်အဦများအား စစ်ရေးဆိုင်ရာအဆောက်အဦးများအဖြစ် သတ်မှတ်ကာ တန်ပြန်ပသ်ခတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

#PAN