မတ် ၂၃
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် ကုမ္ပဏီများအနေဖြင့် သင်္ကြန်ရုံးပိတ်ရက်ကာလ နေရပ်ပြန်မည့် အထည်ချုပ် အလုပ်သမားများအား ကုမ္ပဏီထောက်ခံစာများ ထုတ်ပေးရန် အကြောင်းကြားထားကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာတွင် စက်ရုံပိုင်ရှင်များအနေဖြင့် ထောက်ခံစာပြုလုပ်ပေးရာတွင် မိမိတို့၏ ကုမ္ပဏီသည် CMP လက်ခစား အထည်ချုပ်လုပ်ငန်းဖြစ်ပြီး အောက်ဖော်ပြပါဝန်ထမ်းသည် မိမိတို့၏ စက်ရုံတွင် လုပ်ကိုင်နေသော ဝန်ထမ်းလုပ်သားဖြစ်ကြောင်း၊ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အဆိုပါ ဝန်ထမ်းလုပ်သား ခရီးသွားလာရာတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ရေးသားဖော်ပြရမည်ဟု ပါရှိသည်။
အလုပ်သမား၏ အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအမှတ်၊ ကုမ္ပဏီဝန်ထမ်းအမှတ်၊ လုပ်ကိုင်သည့်ဌာန၊ လက်ရှိနေရပ်လိပ်စာ၊ အမြဲတမ်းနေရပ်လိပ်စာတို့ကို ဖော်ပြထားရမည်ဖြစ်ပြီး ကုမ္ပဏီမှတာဝန်ရှိသူ၏ လက်မှတ်၊ ရာထူး၊ ကုမ္ပဏီရုံးတံဆိပ်တုံး ရိုက်နှိပ်ထားရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခရီးသွားပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် မှတ်ပုံတင် မူရင်းအပြင် အလုပ်ခေါ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ခရီးသွား နေထိုင်မည့် ထောက်ခံချက် ၊ ဖုန်းနံပတ် ၊ သွားရောက်မည့်လိပ်စာနှင့် ထောက်ခံစာများ တင်ပြရမည်ဖြစ်ကြောင်းလည်း ယာဉ်လိုင်းများမှ စုံစမ်းသိရှိရသည်။
#PAN
Telegram link
https://t.me/positiveanglenews