အင်္ဂလန်လက်ရွေးစင်အသင်းမှာ မိုင်နူး ပထမဆုံးအကြိမ် ရွေးချယ်ခံရ

မတ် ၂၁

မန်ယူကွင်းလယ်လူ မိုင်နူးဟာ ဘရာဇီး၊ ဘယ်လ်ဂျီယံတို့နဲ့ကစားမယ့် ခြေစမ်းပွဲစဉ်အတွက် အင်္ဂလန်အသင်းမှာ ပထမဆုံးရွေးချယ်ခံခဲ့ရပါတယ်။

အသက်(၁၈)နှစ်အရွယ်မိုင်နူးဟာ အစောပိုင်းက အင်္ဂလန်ယူ-၂၁ အသင်းမှာ ရွေးချယ်ခံထားရတာဖြစ်ပေမယ့် နည်းပြ ဆောက်ဂိတ်ရဲ့ ကနဦးလူစာရင်းမှာ မပါဝင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထပ်မံရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ စနေနေ့မှာ ဘရာဇီးအသင်းနဲ့ကစားရမှာဖြစ်ပြီး မတ်လ(၂၆)ရက်မှာ ဘယ်လ်ဂျီယံနဲ့ယှဉ်ပြိုင်သွားမှာပါ။ မန်ယူအကယ်ဒမီထွက် မိုင်နူးဟာ အင်္ဂလန်အသင်းရဲ့သက်တမ်းအလိုက် လက်ရွေးစင်အသင်းဖြစ်တဲ့ ယူ-၁၇၊ ယူ-၁၈နဲ့ ယူ-၁၉အသင်းတို့မှာလည်း ကစားခဲ့ဖူးသူဖြစ်ပါတယ်။