ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ ပြုလုပ်မည်


မတ် ၁၀

၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် ခရိုင်အလိုက် ရေကစား မဏ္ဍပ်တွေ ယိမ်းအကအလှဖျော်ဖြေမှုတွေနဲ့ ဆုချီးမြှင့်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို ရန်ကုန်မြိုတော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြိုတော်ဝန် ဦးဗိုလ်ဌေး က ပြောပါတယ်။

မတ်လ ၈ ရက် ညနေပိုင်းက မြိုတော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေးခန်းမ(၄)မှာ ပြုလုပ်တဲ့ ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးမှာ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌလည်း ဖြစ်တဲ့ မြိုတော်ဝန် ဦးဗိုလ်ဌေး က အခုလို ပြောကြားခဲ့တာပါ။

အခုနှစ်မှာ မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူတွေ ပျော်ရွှင်အေးချမ်းလုံခြုံစွာ ရေကစားနိုင်ရေးနဲ့ စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြိုတော် မဟာသင်္ကြန်ရေသဘင်ပွဲတော်ရဲ့ဂုဏ်ကို ဖော်ဆောင်နိုင်ဖို အတွက် အစဉ်အလာနဲ့အညီ မြိုတော်ခန်းမမှာ ရန်ကုန်မြိုတော်မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို ဆိုပါတယ်။

ရန်ကုန်မြိုတွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို မြိုတော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်မှာ ရုပ်ရှင်နဲ့ဂီတ အနုပညာရှင်တွေရဲ့ ဂီတဖျော်ဖြေမှုတွေ၊ သဘင်ပညာရှင်တွေရဲ့ မြန်မာ့ယဉ်ကျေးမှု အကအလှဖျော်ဖြေမှုတွေနဲ့ တင်ဆက်သွားမှာဖြစ်တယ်လို ဆိုပါတယ်။

ဒါ့အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြိုကျောင်းတွေ၊ ရုံးနဲ့ အခြားဌာနတွေ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ယောက်၊ ၁၆ ယောက်၊ အယောက်၂၀ ယိမ်းပြိုင်ပွဲတွေနဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကဖျော်ဖြေမှုတွေကိုပါ ထည့်သွင်းကျင်းပသွားမယ်လို သိရပါတယ်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN