ထိုင်ဝမ်ဒေသကို လက်နက်ရောင်းချနေမှုများ ရပ်တန့်ရန် တရုတ်က အမေရိကန်ကို သတိပေး


ဖေဖော်ဝါရီ ၂၂

ထိုင်ဝမ်ဒေသကို လက်နက်ရောင်းချနေမှုများ ရပ်တန့်ရန်နှင့် ထိုင်ဝမ်ကျွန်းနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံမှုဖြတ်တောက်ရန် တရုတ်နိုင်ငံမှာ အမေရိကန်အား သတိပေးလိုက်ကြောင်းသိရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထိုင်ဝမ်းစစ်တပ်သလို့ ဒေါ်လာ ၇၅ သန်း တန်ဖိုးရှိ အဆင့်မြင့်နည်းဗျူဟာ ဒေတာချိတ်ဆက်မှုစနစ် အဆင့်မြှင့်တင်ရေး အစီအစဉ်အား အတည်ပြုပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယခုလို တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်သည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ ရပ်ပါ ပြဌာန်းချက်များကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တုန့်ပြန်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏လုပ်ရပ်သည် တရုတ် အမေရိကန် နှစ်နိုင်ငံအကြားဆက်ဆံရေးကို ဆိုးရွားစွာထိခိုက်စေပြီး ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည်ဟုဆိုသည်။

PAN