“NATO အုပ်စု၏ သမိုင်းတွင်သည့် အကြီးမားဆုံး လေတပ် စစ်ရေးလေ့ကျင့်မှုများ စတင်”

ဇွန် ၁၃

အနောက်အုပ်စု NATOအဖွဲ့အစည်း၏ အကြီး မားဆုံး လေတပ်စစ်ရေးလေ့ကျင့်မှုအား နိုင်ငံ ပေါင်း ၂၀ ကျော်ပါဝင်ခဲ့ကြပြီး စစ်သည်အင်အား ထောင် ပေါင်းများ စွာနှင့် စစ်လေယာဉ် ရာပေါင်းများစွာ ပါဝင်လေ့ကျင့်ကြမှာလည်းဖြစ်ပါတယ်။

NATO လေတပ်၏ ပူပေါင်းစစ် ရေး လေ့ကျင့်မှုများ ကို ဂျာမနီနိုင်ငံတွင် ယနေ့ စတင်ခဲ့ ကြတာ လည်း ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံရှိ NATO အခြေစိုက်စခန်းလေးခု၊ နယ်သာလန်နှင့် ချက်သမ္မတနိုင်ငံအတွင်း ရှိ အခြေစိုက်စခန်း လေးခုကို အသုံးပြုပြီး လေကြောင်း စစ်ရေးလေ့ကျင့်မှုများပြုလုပ် သွားကြမှာလည်း ဖြစ် ပါတယ်။

အဆိုပါ NATO လေတပ် ၏ စစ်ရေးလေ့ကျင့်နေမှု အနီးတစ်ဝိုက်ရှိ ဝေဟင်ပေါ်တွင် အရပ်ဘက် လေကြောင်းလိုင်းများ ကို ယာယီ ပိတ်ထား ကြောင်း သတင်းဌာနများကဖာ်ပြပြောဆိုထားကြပါတယ်။

NATO အုပ်စု လေတပ်စစ်ရေးလေ့ကျင့်မှုများ၏ တစ်စိတ်တစ်ပိုင်းကို အီတလီနိုင်ငံ နယ်စပ်များ အနီး ယနေ့ဇွန်လ ၁၃ရက်နေ့တွင် ပြုလုပ်သွား မှာလည်းဖြစ်တယ် လို့ သတင်းဌာနများ ကဖော် ပြပြောဆ်ိုထား ကြပါတယ်။