ဇွန် ၁၃
ယနေ့ နံနက် ၇ နာရီ ၄၀ မီးနစ်အချိန်တွင်ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဇာသပြင်အနောက်ကျေးရွာအုပ်စုနှင့် ဇာသပြင်အရှေ့ကျေးရွာအုပ်စု တို့ကို ဆက်သွယ်ထားသော ဇာသပြင်မေတ္တာချောင်းကူးတံတား(ဇာသပြင်ချောင်း) ပေါ်၌ သာမန်ပြည်သူတစ်ဦးဖြစ်သော ဦးမောင်စိုး၊၆၀ နှစ်၊(ဘ)ဦးဒန်ကယား၊ တမီးလ်၊ ဟိန္ဒူ ဗုဒ္ဓ၊ အမှတ် (၈)ရပ်ကွက်၊ဇာသပြင်အနောက်ကျေးရွာအုပ်စုနေသူ သည် ဆိုင်ကယ်စီးလာနေစဥ် အဆိုပါတံတားပေါ်အရောက်၌ အမည်မသိလူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF
နှစ် ဦးက ဆိုင်ကယ်အဖြူဖြင့်လိုက်လာကာ ဦးမောင်စိုး ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ပါသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် အခင်းဖြစ်နေရာ၌ ပင် ဦးမောင်စိုးမှာ သေနတ်ဒဏ်ရာ ၈ ချက်
ဖြင့် သေဆုံးသွားခဲ့ကြောင်း၊ အဆိုပါ လူသတ်တရားခံများကို ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံ ရေးတာဝန်ရှိသူများက စုံစမ်းရှာဖွေဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN