မြန်မာကျောင်းသားများ အတွက် ကိုရီးယားက ပညာသင်ဆုပေးမည်


ဇန်နဝါရီလ ၁၅


ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုမှာ ဘွဲကြို၊ မဟာဘွဲနှင့်ပါရဂူဘွဲ (ကိုရီးယားဘာသာစကား သင်တန်းမပါ)တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနဲ့နေထိုင်စရိတ် အခက်အခဲရှိတဲ့ မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူနှစ်ဦးအတွက် Woojung Education and Culture Foundation မှ Scholarship Students for the 1st Semester, 2024 ပညာသင်ဆုကို စိစစ်ရွေးချယ် ပေးအပ်မှာဖြစ်တယ်လို ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပါတယ်။
အဆိုပါပညာသင်ဆုအတွက် သတ်မှတ်အရည်အချင်းနဲ့ကိုက်ညီတဲ့ လျှောက်ထားလိုသူများကစာရွက်စာတမ်း အထောက်အထားတိုကို ပြည့်စုံစွာဖြည့်စွက်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက် ညနေ ၄ နာရီနောက်ဆုံးထားကာ Myanmar Embassy, Hannam -daero 28-gil 12, Yongsan-gu, Seoul, 04418 သို လူကိုယ် တိုင်လာရောက်၍ ဖြစ်စေ၊ စာတိုက်မှတစ်ဆင့်ဖြစ်စေ သတ်မှတ်ချိန်အမီ အရောက်ပေးပိုရမှာ ဖြစ်တယ်။ သံရုံး email ဖြစ်တဲ့ [email protected] သို ပေးပို၍လည်း လျှောက်ထားနိုင်တယ်လို သိရပါတယ်။ အဆိုပါပညာသင်ဆုကို ယခင်နှစ်များက လက်ခံရရှိပြီးသူ ကျောင်းသား/ကျောင်းသူများ ထပ်မံလျှောက်ထားခြင်း မပြုကြဖိုကိုလည်း အသိပေး ထားတယ်လို သိရပါတယ်။
မြန်မာသံရုံး(ဆိုးလ်မြို)မှ လက်ခံရရှိတဲ့ လျှောက်လွှာများအားလုံးကို စုစည်း၍ Woojung Education and Culture Foundation ရုံးခန်းသို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှာ နောက်ဆုံးထားပေးပိုသွားရန် ရှိတာကြောင့် သတ်မှတ်ထားတဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်အမီ သံရုံးသို အရောက်ပေးပိုကြရန် အသိပေးထားပါတယ်။
အဆိုပါ ပညာသင်ဆုအတွက် သတ်မှတ်ရက်ထက်ကျော်လွန်ပြီး ရောက်ရှိလာတဲ့ လျှောက်လွှာများကို လက်ခံ စဉ်းစားပေးမှာ မဟုတ်ကြောင်းကိုလည်း ဆိုးလ်မြို မြန်မာသံရုံးက ကြိုတင်အသိပေးထားပါတယ်။

#PAN

Telegram Link

https://t.me/positiveanglenews