လီယွန်ဘိုင်လေ ကို စာချုပ်သစ်ချုပ်ဆိုမယ့် အက်စတွန်ဗီလာအသင်း

ဇန်နဝါရီ ၈

အက်စတွန်ဗီလာအသင်းဟာ အသင်းတောင်ပံတိုက်စစ်ကစားသမား လီယွန်ဘိုင်လေ ကို စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေ တယ်လို သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ဂျမေကာလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဘိုင်လေဟာ ယခု ရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၂၆ ပွဲကစားထားပြီး ၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ် ထားပါတယ်။

အက်စတွန်ဗီလာအသင်းနဲ့ ချုပ်ဆိုထားတဲ့ ဘိုင်လေ ရဲ့ လက်ရှိစာချုပ်က ၂၀၂၅ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးမယ်လိုသိရပြီး အက်စတွန်ဗီလာအသင်း က ၎င်းကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဘိုင်လေ ဟာ အက်စတွန်ဗီလာ အသင်းမှာ တစ်ပတ်လစာ ပေါင် ၁၀၀,၀၀၀ ရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုမည် ဆိုပါက အသင်းမှာ ထိပ်တန်းလစာရသူ ဖြစ်လာမယ်လို သိရပါတယ်။

#PAN