ဂျပန်၌ ကုမ္ပဏီများ ဒေဝါလီခံမှု ၁၉ လဆက် တိုက် မြင့်တက်လာ

ဒီဇင်ဘာ ၁၈

     ဂျပန်နိုင်ငံ၌ စီးပွားရေးကုမ္ပဏီများ ဒေဝါလီခံမှု သည် နိုဝင်ဘာလအထိ ၁၉ လဆက်တိုက် မြင့်တက်လာ ကြောင်း မကြာသေးမီက ပြုလုပ်သော လေ့လာမှုစစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ကပ်ရောဂါ သက်သာရာရရန် အတိုးမဲ့ချေးငွေများကို လုပ်ငန်းများစွာအတွက် စတင်လာခြင်းကြောင့် ထိုသို့ ဒေဝါလီခံမှုများ ထွက်ပေါ်လာသည်။ လူ မှုဖူလုံရေး ပရီမီယံကြေးအတွက် ရွှေ့ဆိုင်းကာလလည်း ကုန်ဆုံးသွားပြီဖြစ် သည်။

      နိုဝင်ဘာလအတွင်း ဥပဒေအကြောင်းအရ စာရင်းရှင်းလင်းဖျက်သိမ်းသည့် ဂျပန်ကုမ္ပဏီ စုစုပေါင်း ၇၇၃ ခု ရှိလာသည်။ အဆိုပါ ပမာဏ သည် ပြီးခဲ့သည့်လနှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင် နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

      ဒေဝါလီမှုမှာ ဝန်ဆောင်မှုလုပ်ငန်းတွင် ၁၉၆ ခုဖြင့် အကြီးမားဆုံးဖြစ်ပြီး ၎င်းနောက်တွင် လက်လီဆိုင်ပေါင်း ၁၇၀ နှင့် ဆောက်လုပ်ရေးလုပ်ငန်း ၁၄၁ ခုတို့ဖြစ်သည်။

     ထို့ပြင် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ဒေဝါလီခံလာရသည့် ကုမ္ပဏီ စုစုပေါင်း ၇,၆၉၁ ခု ရှိလာ ကြောင်း စစ်တမ်းတွင် ဆက် လက်ဖော်ပြထားသည်။ အဆိုပါ ကုမ္ပဏီများအနက် ဝန်ဆောင်မှုလုပ်ငန်းစုမှ ကုမ္ပဏီ ၁၇၁ နှင့် ဆောက်လုပ်ရေးလုပ်ငန်းစုမှ ကုမ္ပဏီ ၁၄၁ ခုတို့ပါဝင်ကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN