မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်ကို ပင်လယ်ထဲ ပစ်လွှတ်လိုက်ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်မှုအတွက် အမေရိကန်ကို အပြစ်တင်

ဒီဇင်ဘာ ၁၈

      မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံး ကျည်တစ်စင်းကို တနင်္ဂနွေနေ့က ပင်လယ်ထဲသို့ ပစ်လွှတ် လိုက်​ပြီး မြောက်ကိုရီးယားက ကိုရီးယားကျွန်းဆွယ်တွင် စစ်ရေးတင်းမာမှုများ တိုးမြင့်လာမှုအတွက် အမေရိကန်ကို အပြစ်တင်နေကြောင်း တောင်ကိုရီးယားက ဆိုသည်။

     ဒုံးကျည်သည် ပြုံယမ်းမြို့တော်အနီးတွင် မြောက်ကိုရီးယား၏ အရှေ့ဘက်ကမ်းရိုးတန်းမှ ပစ်လွှတ်ခဲ့ပြီး ပင်လယ်ထဲသို့ မဆင်းသက်မီ ၃၅၄ မိုင် (၅၇၀ ကီလို မီတာ) ပျံသန်းခဲ့သည်။

      အဆိုပါ ဒုံးကျည်သည် ပစ်လွှတ်ပြီး မိနစ် ၂၀ မပြည့်မီတွင် ပြုတ်ကျခဲ့ကြောင်း ဂျပန်ကမ်းခြေ စောင့်တပ်ဖွဲ့က ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

      ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယားအား ပဲ့ထိန်းနည်းပညာများ အသုံးပြုခြင်းမှ တား မြစ်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ရှင်းလင်းစွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားက ဝေဖန်ခဲ့သည်။

      ပစ်လွှတ်ပြီးနောက် မကြာမီတွင် မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ပဲ့ထိန်းဒုံးကျည်ကို ဖော်ပြခြင်းမရှိပေ။

      ယင်းအစား၊ ဝန်ကြီးဌာနသည် တောင်ကိုရီယားသို့ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများအပါအဝင် အမေရိကန်၏ စစ်ဘက်ဆိုင်ရာ ပိုင် ဆိုင်မှုများကို ဖြန့်ကျက်ချထားခြင်းကို ရည်ညွှန်းပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်စေသည့် “မဆင်မခြင် စစ်ရေးခြိမ်းခြောက်မှု” ဟုခေါ်ဝေါ်ခြင်းအတွက် အမေရိကန်ကို ဝေဖန်ခဲ့သည်။

      “မြောက်ကိုရီးယား၏ လက်နက်ကိုင်တပ်ဖွဲ့များ သည် အမေရိကန်နှင့် ၎င်း၏ လက်အောက်ခံတပ်ဖွဲ့များ၏ နျူကလီးယားစစ်ပွဲကို တောက်လောင်ရန် ကြိုးပမ်းမှုကို အပြည့်အဝ ချေမှုန်းပစ်မည်ဖြစ်ပြီး၊ ထို့ကြောင့် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို စိတ်ချယုံ ကြည်စွာ အာမခံနိုင်သည်” ဟု ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက  Reuters ၏ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

      ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဝါရှင်တန်နှင့် ဆိုးလ်တို့၏ လှုပ်ရှားမှုကို ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယားအား နျူလက်နက်အသုံးပြုရန် အလား အလာရှိသော ခြိမ်း ခြောက်မှုအဖြစ် ဖော်ပြကာ သတ်မှတ်ထားသော “ထိုး စစ်ဆင်မှု” ကို ပြင်ဆင်သွားမည်ဟု ကတိပြုထား သည်။

      မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ နျူကလီးယား အစီအစဉ် တိုးချဲ့မှုကို အရှိန်မြှင့်ရန်မှာ ၎င်း၏ ရှင်သန်မှုအတွက် အပြင်းထန်ဆုံး အာမခံချက်အဖြစ် ၎င်းကရှုမြင်ပြီး ရုရှား – ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော အာရုံပျံ့လွင့်မှုကို အသုံးချခဲ့ရာ မြောက်ကိုရီးယားသည် ၂၀၂၂ ခုနှစ်မှ စတင်၍ ဒုံးကျည်ပေါင်း ၁၀၀ ကျော် စမ်းသပ်ပစ်ခတ်ခဲ့သည် ဟု Fox News သတင်းဌာနက ဖော်ပြထားသည်။

#PAN