ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပင်မလွတ်ရွာရှိ နေအိမ်တစ်လုံးတွင် KIA အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း သတင်းအရ ယမန်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် လုံခြုံရေးအဖွဲ့များက ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် အမျိုးသား ၃ ဦး ထွက်ပြေးသဖြင့် ပစ်ဖမ်းဆီးခဲ့သည်ဟု သိရပါသည်။
ထိုသို့ ပစ်ခတ်ဖမ်းဆီးရာမှ အကြမ်းဖက် KIA အလောင်း ၃ လောင်း၊ ပြောက်ကျားအနွေးထည် ၄ ထည်၊ အိုင်ကွန် ၁ လုံး၊ လက်လုပ်မိုင်း ၅ လုံး၊ ရီမု ၁ ခု၊ ဓာတ်ခဲ ၈ လုံး၊ Receiver ၂ ခုတို့ကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါနေအိမ်မှာ အကြမ်းဖက်သောင်းကျန်း သူ KIA အဖွဲ့တွင် ဆေးမှူးတာဝန်ထမ်းဆောင်နေသည့် ဘောက်မိုင်၏ နေအိမ်ဖြစ်ကြောင်း သိရပြီး အဆိုပါနေအိမ်တွင် အခြေပြုပြီး အကြမ်းဖက်အဖွဲ့များ၏ အုပ်ချုပ်မှုကိစ္စများ စီမံဆောင်ရွက်ကြကြောင်း သတင်းရရှိပါသည်။
#PAN