ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး မတောင်းဆိုဖို့အကြောင်းပြချက်မရှိဟု ဆော်ဒီပြော

ဒီဇင်ဘာ ၁၇

      အာရပ်နှင့် နော်ဒစ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် “ဂါဇာမှာ အပစ်အခတ်ရပ် စဲရေး မတောင်းဆိုဖို့ အကြောင်းပြချက် ရှိမယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ဆော်ဒီအာရေးဗီးယား နိုင်ငံခြားရေးဝန်ကြီး မင်းသား Faisal bin Farhan က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

     ပင်လယ်နီတွင် ယီမင်ဟူသီသူပုန်များ၏ တိုက် ခိုက်မှုနှင့်ပတ်သက်သည့် မေးခွန်းကို ဖြေကြားရာ၌ ၎င်းက ယင်းဒေသတွင် နောက်ထပ်တိုးမြင့် ဖြစ်ပေါ် လာနိုင်မှုကို မလိုအပ်ဘဲ ရှောင်ရှားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

     မင်းသား Faisal bin Farhan က ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၌ ဂါဇာတွင် အပစ်အခတ် ရပ်စဲရေးတောင်းဆိုသည့် ဆုံးဖြတ်ချက်အသစ်ကို “အထူး သဖြင့် ယင်းဆုံးဖြတ်ချက်ကိုဗီတိုအာဏာသုံး၍ ပယ်ချခဲ့သော အမေရိကန်၏ ထောက်ခံမှု”ရရှိမှသာ ပိုမိုအောင်မြင်မှုရရှိမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါ သည်။

      ဂါဇာတွင် ပါလက်စတိုင်းအစ္စလာမ္မစ် ဟားမတ်
စ်နှင့် ဖြစ်ပွားနေသော စစ်ပွဲကို အာရပ်နိုင်ငံများအပါ အဝင် ကမ္ဘာနိုင်ငံများ အပစ်အခတ်ရပ်စဲရေး ပြောဆို လုပ်ဆောင်နေကြသော်လည်း ၎င်းစစ်ပွဲမှာ လပေါင်း များစွာ ကြာနိုင်သည်ဟု အစ္စရေးဖက်ကပြောဆိုနေသည်။  စစ်ပွဲကို အမေရိကန်က စစ်ဆင်မှုဆိုင်ရာ နယ်ပယ်နှင့် အတိုင်းအတာအရ အသေးစိတ် လုပ် ဆောင်ရန်ဆွေးနွေးနေပြီး “ဒီပဋိပက္ခဟာ လနဲ့ချီကြာအောင် ဆက်ရှိ နေနိုင်တယ်ဆိုတာကို အစ္စရေးတွေနဲ့ သဘောတူပါတယ်” ဟု အိမ်ဖြူတော် အမျိုး သားလုံခြုံရေးပြောရေးဆိုခွင့်ရှိသူ John Kirby က ဒီဇင်ဘာ ၁၅ ရက် သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရပါသည်။

#PAN