အေဘရာမိုဗစ်ချ် ရဲ့ ပေါင် ၂ ဒသမ ၅ ဘီလီယံ ယူကရိန်းစစ်ဘေးဒုက္ခသည်တွေဆီ မရောက်သေး

ဒီဇင်ဘာ ၁၅

       အေဘရာမိုဗစ်ချ် ဟာ ချဲလ်ဆီးအသင်း ရောင်းလို့ရတဲ့အထဲက ပေါင် ၂ ဒသမ ၅ ဘီလီယံကို ယူကရိန်းစစ်ဘေး ရန်ပုံငွေအဖြစ်အသုံးပြုဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အခုအချိန်အထိအကောင်အထည်ဖော်နိုင်ခြင်း မရှိသေး ပါဘူး။

      အဆိုပါ ပေါင် ၂ ဒသမ ၅ ဘီလီယံကို ဘယ် လိုသုံးစွဲမလဲဆိုတာသဘောထားကွဲလွဲမှုတွေ ရှိနေတာကြောင့် ကြန့်ကြာ နေရတာ ဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ် ဟာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို စစ်ပွဲဆင်နွှဲလာပြီးတဲ့နောက် ဗြိတိန်နိုင်ငံက Sanction လုပ်ခြင်းကို ခံရပြီး ၂၀၂၂ ခုနှစ်၊ မေ လအတွင်း ချဲလ်ဆီးအသင်းကို ပေါင် ၄ ဒသမ ၂၅ ဘီလီယံ နဲ့ တော့ဒ်ဘိုလေး ဦး ဆောင်တဲ့ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ Clearlake Capital ထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

      အေဘရာမိုဗစ်ချ် က ချဲလ်ဆီးအသင်း ရောင်းရငွေကနေ ယူကရိန်းစစ်ပွဲကြောင့် ဒုက္ခရောက်ရသူတွေကို ကူညီဖို့ အသုံးပြုသွားမယ်လို့ ကတိပြုထားပါတယ်။  ဒါပေမယ့် အေဘရာမိုဗစ်ချ် က ရုရှားနိုင်ငံအတွက် အသုံးပြုချင် နေတာကြောင့် ဗြိတိန်အာဏာပိုင်တွေနဲ့ သဘောထားကွဲလွဲနေတာ ဖြစ်ပြီး ဗြိတိန်နိုင်ငံက  ယူကရိန်းနိုင်ငံ အတွက်သာ အသုံးပြုချင်နေတာ ဖြစ်နေပါတယ်။

#PAN