ဂါဇာ၌ အပစ်အခတ်ရပ်စဲရေးအတွက် ပူးပေါင်းကြိုးပမ်းသွားမည်ဟု အီဂျစ်သမ္မတ အယ်လ်စီစီနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ကတိပြု

ဒီဇင်ဘာ ၁၁

      အီဂျစ်သမ္မတ အယ်လ်စီစီနှင့် ရုရှားသမ္မတ ဗလာ ဒီမာပူတင်တို့သည် ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးအတွက် ပူးပေါင်းကြိုးပမ်းသွားမည်ဟု ယမန်နေ့က ကတိပြုခဲ့သည်။

       သမ္မတနှစ်ဦးသည် သဘောတူညီချက်ရရှိရန် စိတ်အားထက်သန်စွာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ် ကြောင်း တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးကြသည်။

       ပါလက်စတိုင်းပြဿနာကို တရားမျှတပြီး ကျယ် ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်မှုများနှင့် သက်ဆိုင်ရာ ဆုံးဖြတ် ချက်များနှင့်အညီ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံ တရားဝင်ထူ ထောင်ရေးနှင့် အသိအမှတ်ပြုရေးတို့ကိုလည်းခေါင်းဆောင်နှစ်ဦးက ဆွေးနွေးကြသည်။

       ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ထပ် မံယိုယွင်းလာခြင်းကို ကာကွယ်ရန်အတွက် အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် ကိုင်ရို၏ ဆက် လက်ကြိုးပမ်းအားထုတ်မှုများအပေါ် အီဂျစ်သမ္မတ အယ်လ်စီစီက အလေးပေးပြောကြားသည်။

      အီဂျစ်သည် ၁၉၇၉ ခုနှစ်တွင် အစ္စရေးနှင့် ငြိမ်း ချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဆယ်စုနှစ်များစွာတိုင် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် အဓိကကျသော ငြိမ်းချမ်းရေးဖျန် ဖြေပေးသည့်နိုင်ငံ ဖြစ်သည်။

      အစ္စရေးနှင့် ဟားမတ်စ်တို့ အောက်တိုဘာ ၇ ရက် က ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှစပြီး အီဂျစ်သည် ဓားစာ ခံများ လွတ်မြောက်ရေးနှင့် ပါလက်စတိုင်းနယ်မြေအတွင်း တင်းမာလျက်ရှိသည့်အခြေအနေကိုလျော့ပါးသွားစေရန်အတွက် ကာတာနှင့် အမေရိကန်နိုင်ငံတို့နှင့်အတူ ဖျန်ဖြေရေးကြိုးပမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#PAN