ဒီဇင်ဘာ ၅ ရက်နေ့ ကရင် ပြည်နယ်၊စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့အတွင်းတိုက်ပွဲသတင်းများ

ဒီဇင်ဘာ ၅

      အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF အဖွဲ့မျာ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီးတို့အတွင်း ဒီဇင်ဘာ ၅ ရက်နေ့တွင် တပ်မတော်စခန်းများ၊ မြို့များကို အင်အားအလွန် အကျွံ အသုံးပြုကာ တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်နှင့် လုံခြုံရေးအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့သည်။ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ဆက်စပ်သတင်းများကို မိမိ မြေပြင်သတင်း ထောက်များ၏ ပေးပို့လာမှုများကို ဖော်ပြအပ်ပါ သည်။

■   ကရင်ပြည်နယ်၊ သံတောင်ကြီးခရိုင် လိပ်သိုမြို့ နယ်အတွင်းရှိ ရှမ်းလယ်ပြင် လုံခြုံရေးစခန်းသို့ နေရာ ၂ နေရာမှ အကြမ်းဖက်သောင်းကျန်း သူ KNLA တပ်မဟာ(၂) နှင့် PDF ပူးပေါင်း ၃၀၀ ဦးခန့်က Drone ၃ စီးဖြင့် Bomb ၆ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လုံခြုံရေးစခန်းဖက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူဖက်မှ ထိ ခိုက်မှုစုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

■   ကရင်ပြည်နယ်အတွင်းရှိ တပ်မတော် ထီးထစခန်းသို့ အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မဟာ(၅)၊ ပြည်သူ့စစ်ရင်း(၁)မှ အင်အား ၁၀၀ ဦး ခန့်က Drone ၇ စီးဖြင့် Bomb ၄၀ လုံး၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ လေ ကြောင်းပစ်ကူဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လုံခြုံရေးစခန်းဖက်မှ ထိ ခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်း ကျန်းသူဖက်မှ ထိ ခိုက်မှုစုံစမ်းဆဲဖြစ်သည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် ၊ငွေတွင်းကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင် ရွက်နေသော တပ်မတော်စစ်ကြောင်းကို အကြမ်း ဖက်  PDF ၃၀ ဦးခန့်တို့က Drone ဖြင့် Drop Bomb ပစ်ချ တိုက်ခိုက်ပြီး လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်စစ် ကြောင်းဖက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက် သမားများ၏ Drone ၂ စီးအား ပစ်ချသိမ်းဆည်းရမိခဲ့သည်။

■   မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ရွာသာကျေး ရွာအနီး နံနက် ၁၁ နာရီခွဲခန့်တွင် နယ်မြေလုံခြုံရေးဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့များသည် အကြမ်းဖက် PDF များ နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲမှအကြမ်းဖက် PDFအလောင်း  ၂ လောင်း၊ အမ်- ၂၂ သေနတ်  ၁ လက်၊ အမ်-၂၂ ကျည်  ၅၁ တောင့်၊ အမ်-၂၂ ကျည်အိမ် ၃ ခု တို့ကို  သိမ်း ဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များဖက်မှ ထိ ခိုက်မှုမရှိကြောင်း သိရသည်။

■   မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အတွင်းရှိ ရေမျက်နီလုံခြုံရေးစခန်းသို့ PDF အကြမ်းဖက် ၁၅၀ ဦးခန့်က ဒရုန်း ၂ စီးဖြင့် Bomb ၃၀ လုံး၊ လက်နက် ကြီး၊ လက်နက်ငယ်များနှင့် ၁ ကြိမ်၊ Drone ၂ စီးဖြင့် Bomb ၈ လုံးဖြင့် ၁ ကြိမ်၊ စုစု ပေါင်း ၂ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စခန်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံတိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မွန်းလွဲ ၁၂ နာရီမှ ညနေ ၅ နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်း တိုက်ပွဲတွင် အကြမ်းဖက် PDF များသည်  ထိခိုက်ကျဆုံးအလောင်းများ၊ ဒဏ်ရာရရှိသူများ ပြန်လည်သယ်ဆောင်ပြီး ဆုတ်ခွာသွားခဲ့ကြသည်ဟု သိရပါသည်။ စခန်းလုံခြုံရေးတပ်ဖွဲ့ဖက်မှ ရဲတပ်ဖွဲ့ဝင် ၁ ဦး၊ စစ်သည် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

■   စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့များ လှည့် ကင်းဆောင်ရွက်နေစဉ် အကြမ်းဖက် PDF ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် PDF ၁ ဦး အသေဖမ်းဆီးရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သိရသည်။

#PAN