နစ်ခ်ပုပ်ရဲ့ ဒဏ်ရာအခြေအနေကြောင့် ဒီဂီယာကို ခေါ်ယူမယ်လို့ သတင်းထွက်

ဒီဇင်ဘာ ၅

နယူးကာဆယ်အသင်းဟာ ကာလရှည်နားရမယ့် သူတို့ပထမဂိုးသမားနေရာမှာ အစားထိုးဖို့အတွက် ဒေးဗစ်ဒီဂီယာကို စဉ်းစားနေကြောင်း Daily Mail သတင်းစာက ဖော်ပြလိုက်ပါတယ်။

၃၁ နှစ်အရွယ် အင်္ဂလန်ဂိုးသမားနစ်ခ်ပုပ်ဟာ မန်ယူကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့စနေညပရီးမီးယားလိဂ်မှာ ပခုံးဒဏ်ရာကြောင့် လေးလဝန်းကျင်လောက်အထိ အနားယူရမှာလည်းဖြစ်ပါတယ်။

၃၃ နှစ်အရွယ် ဒီဂီယာဟာ ပြီးခဲ့တဲ့နွေမှာ မန်ယူမှာ အလွတ်ထွက်ခွာလာပြီးကတည်းက အခုချိန်ထိ အသင်းလက်မဲ့ဖြစ်နေပါတယ်။