ပွဲရပ်တန့်ခဲ့လို့ ကွင်းလယ်ဒိုင်ကို ဒေါသပေါက်ကွဲသွားတဲ့ ဟာလန်း

ဒီဇင်ဘာ ၄

ပြီးခဲ့တဲ့ညက မန်စီးတီးနဲ့ စပါးတို့ရဲ့ပွဲမှာဆိုရင်လည်း ၃ ဂိုးစီသရေဖြစ်နေတဲ့ ပွဲချိန် ၉၃ မိနစ်အရောက်မှာ ဟာလန်းကို စပါးကစားသမားက ကွင်းလယ်စက်ဝိုင်းထဲမှာ တားဆီးခဲ့တာက ပြစ်ဒဏ်ဘောဖြစ်သင့်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ လက်နှစ်ဘက်ကို ဆန့်တန်းပြပြီး ပွဲကို ဆက်ကစားစေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဘောလုံးဟာ ဂရီးလစ်ချ်ဆီကိုရောက်သွားခဲ့ပြီး စပါးနောက်ခံလူတွေကို ကျော်ဖြတ်သွားနိုင်ကာ ဂိုးရနိုင်ချေရှိတဲ့အချိန်မှာတော့ ကွင်းလယ်ဒိုင်က ဝီစီမှုတ်ခဲ့ပြီး ဟာလန်းကို ကျူးလွန်ခဲ့တဲ့ ကွင်းလယ်နေရာမှာ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပါတယ်။

ဒါ့ကြောင့် မန်စီးတီး တိုက်စစ်မှူးဟာလန်းဟာ စပါးအသင်းနဲ့ပွဲမှာ သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေးကို ကွင်းလယ်ဒိုင်ဆိုင်မွန်ဟူးပါးကြောင့် လက်လွှတ်ခဲ့ရတဲ့အတွက် ဒေါသပေါက်ကွဲပြီး ဆဲဆိုခဲ့ပါတယ်။

ဟာလန်းက ဆိုင်မွန်ဟူးပါးကို အပြင်းအထန် စောဒကတက်ခဲ့တာကြောင့် ဆိုင်မွန်ဟူးပါးဟာ ဟာလန်းကို အဝါကတ်လည်း ပြသခဲ့ပါတယ်။

အဲ့ဒီဖြစ်ရပ်ကို မကျေနပ်သေးဘဲ ဟာလန်းက သူ့ရဲ့ X(Twitter) မှာ အဲဒီရုပ်သံကို Post တင်ပြီး ‘WTF’ ဆိုပြီးတော့ Caption ရေးသားဆဲဆိုခဲ့ပြန်ပါတယ်။

ဒီကိစ္စကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)သာ ဟာလန်းရဲ့စကားအသုံးအနှုန်းကို မကျေနပ်ဘူးဆိုရင် ပြစ်ဒဏ်တစ်ခုခု ချမှတ်သွားဖို့ရှိနေပါတယ်။