လယ်ဝေးမြို့နယ် အမြန်လမ်းမိုင်တိုင်အမှတ် – ၁၉၈/၂ ဖာလုံ၊ အမြန်လမ်းအရှေ့ဘက် တောတွင်းနေရာတွင် အမည်မသိ အမျိုးသား အလောင်း ၁ လောင်းတွေ့ရှိ


ဒီဇင်ဘာ ၁
ယနေ့ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၄၀ ရန်-မန်း အမြန်လမ်းမိုင်တိုင်အမှတ် -၁၉၈/၂ ဖာလုံ၊ အမြန်လမ်းအရှေ့ဘက်တောတွင်းနေရာတွင် အမည်မသိအမျိုး သားအ လောင်း ၁ လောင်းတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရပါသည်။

ထိုသို့ စစ်ဆေးခဲ့ရာ လယ်ဝေးမြို့နယ်၊ စည်ပိုင်းကွင်းအမှတ် ၁၈၄၀၊ ရန်မန်းအမြန်လမ်းမိုင်တိုင်အမှတ် ၁၉၈/၂၊ အမြန် လမ်းမကြီးအရှေ့ဘက် ပေ ၄၀၀ ခန့်၊ ဝက်လက်ရွာအရှေ့တောင်ဘက် ၁ မိုင်ခန့်အကွာ တောတွင်းနေရာ၌ လည်ပင်း ပြတ်လုနီးဒဏ်ရာ ၁ ချက်၊ ယာဘက်လက်ဖျံ ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ၃ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသော အသက် ၄၅ နှစ်ခန့်၊ ခန္ဓာကိုယ်တုတ်ခိုင်၊ စစ်စိမ်းရောင်စွပ် ကျယ်နှင့် ဖြူပြာကွက်စိပ်ဝတ်ဆင် ထားသည့် အမျိုးသားအလောင်း ၁ လောင်းအားစစ်ဆေး တွေ့ရှိခဲ့​​ကြောင်းသိရသည်။

အဆိုပါ သေဆုံးသူအလောင်းအား တို့လယ်ဝေးပရဟိတအသင်းယာဥ်ဖြင့် လယ်ဝေးကုတင် ၁၀၀ ဆေးရုံသို့ ပို့ဆောင် ထားရှိကာ သေဆုံးသူ မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ရေးနှင့် ​အမှုဖွင့်လှစ်နိုင်ရေး စီစဥ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။

PAN