ရှမ်းပြည်နယ်မြောက်ပိုင်း နောက်ဆုံးဖြစ်ပေါ်နေသည့် သတင်းများ

နိုဝင်ဘာ ၂၃

■   နောင်ချို

       ပြင်ဦးလွင်နှင့် နောင်ချိုအကြားရှိ သုံးဆယ်ကျေး ရွာနှင့် အုမ္မခါးအကြားရှိ လမ်းကြောင်းအား ထပ်မံ ဖျက်ဆီးနှောက်ယှက်ရန် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအင်အား ၁၀ဝ၀ ခန့် ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာနှင့် သုံးဆယ်ကျေးရွာအနီးတို့တွင် ဖြန့်ခွဲနေရာယူထားသည်မှာ တပါတ်ခန့်ရှိကြောင်း၊ ၄င်းအကြမ်း ဖက်များအား အုမ္မသီးကျေးရွာနှင့် စမ္မစယ်ကျေးရွာများအနီးရှိ လမ်းများပေါ်တွင် သွားရောက်စိုးမိုးထားရန် အကြမ်းဖက်ခေါင်းဆောင်များက အကြိမ်ကြိမ်ဖိအားပေးပြောဆိုနေသော်လည်း အကြမ်းဖက်အများစုမှာ တပ်မတော်စစ်ကြောင်းကိုမြင်မှ သွားပစ်ခတ်မည်ဟု အမိန့်ကိုဖီဆန်မှု့များရှိနေကြောင်း၊၄င်းနေရာများသို့ ချဉ်းကပ်လာသောအကြမ်းဖက်အဖွဲ့များသည်လည်း တပ်မတော်စစ်ကြောင်းများမှ ကင်းပုန်းများ၏ စောင့်ဆိုင်းပစ်ခတ်မှုများကြောင့် သေဆုံးသူများနေကြောင်း၊ မသေဘဲဒဏ်ရာရရှိသူများကို အုမ္မသီး – ဟိုခိုလမ်းမဘေးရှိ စိစစ်ဆဲနေရာတွင် ဆေးကုသပေးနေကြောင်း၊ ၄င်းနေရာတွင် အကြမ်းဖက်သောင်း ကျန်းသူ ထောင်နှင်ချီသေဆုံးပြီးဖြစ်သကဲ့သို့ အမြောက်အများ ဒဏ် ရာရရှိခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း ပြည်သူလူထုမှာ နည်းမျိုးစုံအခက် အခဲဖြစ်နေကြရကြောင်း သိရပါ သည်။

■   ကျောက်မဲ

       ကျောက်မဲမြို့နယ်ဖက်အခြမ်းတွင်ရှိသော ဂုတ်တွင်း လမ်းအား နှောက်ယှက်တိုက်ခိုက်ရန်ဟူသောရည်ရွယ်ချက်ဖြင့် ဟူးကွတ်လမ်းကြောင်းအတိုင်းဆင်းလာသော အကြမ်းဖက်ကား ၁၀ စီးခန့်သည် ယမန်နေ့ ညပိုင်းတွင် တောင်အောက်သို့ရောက်အောင်ဆင်းမလာရဲကြဘဲ ကားပေါ်တွင်ပါလာသော အကြမ်း ဖက်သမားများကို နောင်ပစ်လမ်းခွဲအထိ တောတွင်းတိုး၍ စေလွှတ်ခဲ့ကြောင်း၊ အကြမ်းဖက်များ ချဉ်းကပ်လာသည်ကို မြင့်တွေ့ခဲ့ရသည့်အတွက် တပ်မတော်စစ်ကြောင်းများက ၄င်းနေရာသို့ လက်နက်ကြီးများဖြင့် ၂ ဖက်ညှပ်၍ ပစ်ခတ်ချေမှုန်းခဲ့ကြောင်း၊ ၄င်းနေရာတွင် အကြမ်းဖက်သမား ထောင်နှင်ချီသေဆုံးပြီးဖြစ်သကဲ့သို့ အမြောက်အများလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

■   သီပေါ

        သီပေါမြို့နှင့် ကျောက်မဲအကြားတွင် အကြမ်း ဖက်သောင်းကျန်းသူများက ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကျင်သီတံတားအား ပြန်လည်ပြုပြင်ရန် တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့မှ လုပ်ဆောင်လျှက်ရှိရာ ယမန်နေ့တွင် အကြမ်းဖက်အဖွဲ့အင်အား ၅၀ဝ ခန့်က ၄ နေရာမှ နှောက်ယှက်ပစ်ခတ်ခဲ့ကြကြောင်း၊ တပ်မတော်စစ် မြေပြင်အင်ဂျင်နီယာတပ်ရင်းအတွက် လုံခြုံရေးရယူထားသော တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တတိုက်ပွဲ ၂ နာရီနီးပါးဖြစ်ပွားခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၁ ရက်နေ့ညပိုင်းတွင် တုံဖုန်းကား ၅ စီးဖြင့်ဆင်းလာသော အကြမ်းဖက်အဖွဲ့များသည် ကားတစ်စီးထဲဖြင့်သာ ဒဏ်ရာရ လူနာ ၄၀ ခန့်အား သယ်၍ ထွက်ပြေးခဲ့ကြကြောင်း၊ ဘော်ကြိုဘုရားသို့ TNLA အဖွဲ့အင်အား ၅၀ဦးခန့် နှင့် စံဖိတ် သင်္ချိုင်းလမ်းခွဲတွင်လည်း TNLA အဖွဲ့အင်အား ၈၀ ဦးခန့် Uniform အပြည့်အစုံဖြင့် ရောက်ရှိနေကြောင်း၊ ၄င်းနေ့တွင် သီပေါမြို့အနီး စံဖိတ်တံ တားအား ထပ်မံမိုင်းခွဲဖျက်ဆီးရန် မိုင်းထောင်နေသော အကြမ်းဖက်အမျိုးသမီးငယ် ၃ ဦးကို တပ်မ တော်မှ စနိုင်ပါဖြင့် ရှင်းလင်းခဲ့ကြောင်း၊ သီပေါမြို့ အနီး ဘော်ကြိုကျေးရွာမှ ကျင်သီတံတားအနီးရှိရွာများအထိ လမ်းမပေါ်တွင် အကြမ်း ဖက်များ၏ အလောင်းများ ယနေ့ နံနက်အထိကျန်ရှိနေဆဲဖြစ် ကြောင်း၊ တပ်မတော်စစ်ကြောင်းများက ၄င်းအလောင်းများကို နိုဝင်ဘာ ၂၂ ရက်နေ့တွင်ရှင်းလင်းခဲ့သော်လည်း ပြောင်စင်အောင်မရှင်းလင်းနိုင်သေးကြောင်း၊ ယမန်နေ့ညတွင်လည်း သီပေါမြို့နယ် ဘောကြိုဘုရားနှင့် ၂ မိုင်ခန့်ဝေးသောနေရာမှ တပ်မတော်စစ်ကြောင်းများ ရှိရာဖက်သို့ ဦးတည်၍ အကြမ်းဖက်များက လက်နင်ငယ်(တရုတ်စက်သေနတ်များ) ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် သီပေါမြို့တွင်းရှိအကြမ်းဖက်ထောက်ခံသူအချို့နှင့် တောတွင်းအကြမ်းဖက်အဖွဲ့များမှ သီပေါမြို့အား သိမ်းမည်ဟု ဟန်ချက်ညိညီဝါဒဖြန့်လျှက်ရှိကြောင်း၊ ၄င်းနေရာတွင် အကြမ်းဖက်အဖွဲ့များဖက်မှ တာအိုက်ကျော်အပါ အဝင် အကြမ်းဖက်သမား ၄၀ဝ ကျော်သေဆုံးပြီးဖြစ်သကဲ့သို့ ထောင်နှင့်ချီ ဒုက္ခိတများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

■   လားရှိုး

        လားရှိုးမြို့နှင့် အနီးတစ်ဝိုက်နေရာအချို့သို့ အကြမ်းဖက်သောင်းကျန်းသူများ ချဉ်းကပ်လှုပ်ရှားသည်ဟု မြေပြင်သတင်းရရှိ၍ တပ်မ တော်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အခြားထူးခြားဖြစ်စဉ်မရှိဘဲ မာရှယ်လောကြောင့် အကြမ်းဖက်များ ညအချိန် လှုပ်ရှားရန်ခက်ခဲသွားကြောင်း သိရသည်။

■   သိန္နီ

       သိန္နီမြို့နယ်အတွင်း အကြမ်းဖက်အဖွဲ့များအား တပ်မတော်စစ်ကြောင်းများကတဖြည်း ဖြည်းချင်း မောင်းထုတ်နေကြောင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေး ရွာရှိ ပြည်ထောင်စုလမ်းမပေါ်တွင် ပြည်သူလူထုများ ၏ အိမ်စီးကားများကို အကြမ်း ဖက်များမှ ကန့်လန့်ဖြတ်ပိတ်ဆို့ထားကြောင်း၊လက်ရှိအချိန်တွင် သိန္နီမြို့ နယ်၊နမ့်စလပ်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားနေပြီး အကြမ်းဖက်သောင်းကျန်းသူ MNDAA /PDF /KIA / TNLA ပူးပေါင်းအဖွဲ့များတွင် အကျအဆုံးများ၍ အင်အားပြုန်းတီးနေသည့်အတွက် ထွက် ပြေးတိမ်းရှောင်နေသော အပြစ်မဲ့ပြည်သူများ ကျား/ မ အသက်ကြီးငယ်မရွေး လူသစ်အဖြစ်ခေါ်ယူစုဆောင်းနေကြောင်း၊ တောတွင်းသို့ ထွက်ပြေးတိမ်း ရှောင်နေသူ ပြည်သူ ၂၂ ဦးကို လူသစ်အဖြစ်ခေါ်ယူ သွားကြောင်း သိရပါသည်။

■   မူဆယ်

       မူဆယ်၊(၁၀၅)မိုင်အနီး နားဟွယ်ဘုန်းကြီးကျောင်း အပေါ်သို့ အကြမ်းဖက်အဖွဲ့များက ၈၁ မမ ဗုံးသီး ၂ လုံးဖြင့် ဒရုန်းမှ ပစ်ချခဲ့သည့်အတွက် ရှမ်းသံဃာတော်အများအပြားဒဏ်ရာရရှိခဲ့ပြီး ကိုရင်ကြီးတပါးပျံလွန်တော်မူခဲ့ကြောင်း၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက မော်တော် ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

■   နမ်းခမ်း

       နမ်းခမ်းမြို့အနီးရှိ တပ်မတော် စခန်းသစ်ဗျူဟာကုန်းအား အကြမ်းဖက်သောင်းကျန်းသူများက အင် အားသုံးပြီး စိးနင်းရန် ယမန်နေ့ည တညလုံး ကြိုးပမ်းခဲ့ကြောင်း၊ တပ်မတော်မှ လေ ကြောင်းပစ်ကူဖြင့် သွားရောက်ချေမှုန်းခဲ့ကြောင်း၊ ယနေ့မနက်အထိ အကြမ်းဖက်များ စခန်းကုန်းနားသို့ ကပ်လာသည်ကိုမတွေ့ရဘဲ အသံအချို့ငြိမ်သက်သွားကြောင်း သိရသည်။

■   မဘိမ်း

       မဘိမ်းမြို့နယ်အတွင်းရှိ စစ်မှု့ထမ်းဟောင်းများနှင့်ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများအား အကြမ်းဖက်အဖွဲ့များမှ အကြောင်းမဲ့သတ်ဖြတ်မှု့များရှိနေကြောင်း သတင်းရရှိပါသည်။

#PAN