ရန်ကုန် – ဒလ သံမဏိကြိုးဆိုင်း မြစ်ကူးတံတား လာမယ့်နှစ်မှာ ဖွင့်လှစ်နိုင်မည်

နိုဝင်ဘာ ၁၀

      ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းကာတည်ဆောက်နေသည့် ရန်ကုန် – ဒလ သံမဏိကြိုးဆိုင်း မြစ်ကူးတံတား ကို လာမယ့် ၂၀၂၄ခုနှစ်ရဲ့ နှစ်စမှာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရပါ သည်။

       ရန်ကုန် – ဒလ မြစ်ကူးတံတားကြီးက သံမဏိကြိုးဆိုင်း တံတားအမျိုးအစားဖြစ်ကာ တံတားကို တန်တစ်သောင်း ခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများ တံတားအောက်မှ ဖြတ်သန်းနိုင်ရန် ၄၉ မီတာ အမြင့်နှင့် တည် ဆောက်ထားသည်။ တံတားအရှည် အလျားစုစုပေါင်း ၁,၈၆၈ မီတာရှိကြောင်း သိရပါသည်။

     တံတားတွင် လူသွားလမ်း ၄ မီတာ အကျယ်နှစ်ဖက်ပါဝင်ကာ ခံနိုင်ဝန်က ၇၅ တန်ရှိကြောင်းနှင့် ရန်ကုန် ဘက်အခြမ်းမှာ ဘုန်းကြီးလမ်းဘက်ကို နှစ်လမ်းသွားတံတားတစ်စင်း၊ ဆူးလေနှင့်အလုံဘက်ကို တစ်လမ်း မောင်း တံတားတစ်စင်းစီ ထည့်သွင်း တည်ဆောက်ထားကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ သိရပါသည်။

#PAN