ယက်ဇ်ရဲ့ဖခင်ကို ပြန်ပေးသမားတွေပြန်လွှတ်ပေးခဲ့

နိုဝင်ဘာ ၁၀

      လီဗာပူးလ်အသင်း တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်ရဲ့ဖခင်ကို ပြန်ပေးဆွဲခဲ့တဲ့ ကိုလံဘီယာ ခွဲထွက်ရေးသူပုန်တွေဟာ နိုဝင် ဘာလ ၉  ရက်ကပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီယက်ဇ်ရဲ့ ဖခင်နဲ့မိခင် တို့ကို ပြန်ပေးသမားတွေက ဆီဆိုင်တစ်ခုမှာ ပြန်ပေးဆွဲခဲ့တာဖြစ်ပြီး မိခင်ကို နာရီပိုင်းအကြာမှာ ပြန်လွှတ်ခဲ့ သလို ဖခင်ဖြစ်သူကိုတော့ ရက်အတော်ကြာမှ ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

     ဒီယက်ဇ်ရဲ့ဖခင်ကို ကိုလံဘီယာအထူးတပ်ဖွဲ့‌ တွေဟာ ဗင်နီဇွဲလားနယ်စပ်တောင်တန်းတွေပေါ်မှာ ရှာဖွေနေခဲ့ တာဖြစ်ပြီး သတင်းပေးသူကို ဒေါ်လာ ၅ သောင်းနီးပါးပေးမယ်ဆိုပြီး ကြေညာခဲ့ပါသေးတယ်။ ပြန်ပေးသမားတွေဟာ ဒီယက်ဇ်ရဲ့ဖခင်ကို ဘေးမသီရန်မခပဲ ပြန်လည်လွှတ်ပေးမယ်လို့ ကတိပေးထားခဲ့တာလည်း ဖြစ်ပါတယ်။

#PAN