နိုဝင်ဘာ ၈
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး တရားမဝင် ကုန် သွယ်မှု တိုက် ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၃၉၀၈ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၇,၈၂၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ် တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၅ ရက်တွင် မန္တလေးတိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပြည်ကြီးတံခွန်မြို့နယ်၊ (၁၃၁) လမ်း ၆၁ (B) မန္တလေးစက် မှုဇုန်၌ ရပ် တန့်ထားသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင် ပြနိုင်ခြင်းမရှိသည့် Nabati Wafer ထုပ် ၁၂၉၆၀ နှင့် Nyra ကော်ဖီချိုချဉ်ဘူး ၃၂၀၊ Cotton Fabric ကီလိုဂရမ် ၉၉၀၀၊ DIKLO-M Ceftriaxone Injection ပိုးသတ်ဆေးဘူး ၄၀၀ အပါအဝင်ကုန်ပစ္စည်း ၄၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၁၈၀၆,၄၂၅ ကျပ်)နှင့် အဆိုပါပစ္စည်းများ တင် ဆောင်ထားသည့် စက်မှုဇုန်ထုတ် Super Mandalar Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁,၈၀၆,၄၂၅ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် ကချင်ပြည် နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဆွမ်ပရာဘွမ် လမ်းမကြီးအနီး၌ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်သည့် Nissan Nivara တစ်စီးနှင့် Toyota Hilux တစ်စီး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၂,၀၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် ရန်ကုန် – ပြည်ကားလမ်းဘေး မိုင်တိုင်အမှတ် (၅၈/၃)ဖာလုံနှင့် (၅၈/၄) ဖာလုံ၌ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် သုည ဒသမ ၈၂၅ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Ipsum တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ်
၁၅,၀၀၀,၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၈၂၅,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နိုဝင်ဘာ ၆ ရက်တွင် အကောက် ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ် လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် မျက်နှာကြက်မီးဆိုင်း အခု ၅၀ အပါ အဝင် ကုန် ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄,၆၉၅,၀၀၀) ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ မြဝတီမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ သွင်း ကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် စာရေးကိရိယာပစ္စည်းများ ဖြစ်သည့် Paper Roll ၄၃၀၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းသုံးမျိုး(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၃၂၀,၀၀၀ )နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Diesel Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၀၁၅,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ ၃ ရက်၊ ၅ ရက်နှင့် ၆ ရက် တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှု တွဲ ၁၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၀,၀၅၄,၂၄၅ ကျပ်) ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
#PAN