လူသတ်အကြမ်းဖက် PDF အဖွဲ့များက စစ်တောင်းမြစ်ကမ်း ဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် အပြစ်မဲ့ဒေသခံ ပြည်သူများကို Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချ တိုက်ခိုက်

နိုဝင်ဘာ – ၇

      ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ သဲကွင်း၌ အလုပ်လုပ်နေသည့် ဒေသခံပြည်သူများကို ယနေ့မွန်းလွဲပိုင်း ၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လူသတ်အကြမ်းဖက် PDF အဖွဲ့များက Drop Bomb များဖြင့်ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

      ဖြစ်စဉ်မှာ  ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာအနီး စစ်တောင်းမြစ်ကမ်းဘေးရှိ ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်နေသည့် သဲကွင်းနေရာသို့ အမြင့်မီတာ ၅၀၀ ခန့်အကွာမှ Drop Bomb များဖြင့် အကြောင်းမဲ့ပစ်ချ တိုက်ခိုက်ခဲ့သဖြင့် အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက် ရှိသော အပြစ်မဲ့ဒေသခံ ပြည်သူအမျိုးသား ၄ ဦး သေဆုံးပြီး၊ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦး၊ ပေါင်း ၆  ဦး တို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်းသိရှိရပါသည်။

  အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ဝေါမြို့နယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအား သေဆုံး၊ ဒဏ်ရာရရှိ အောင် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

Source; CINCDS Myanmar

#PAN