ပြည်ပသို့ ဆန် ၃ တန် တင်ပို့ပါက အရန်ဆန် ၁ အိတ်ပေးသွင်းရမည်

နိုဝင်ဘာ ၇

      ပြည်ပနိုင်ငံသို့ ဆန်တင်ပို့မည့် လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန်လိုင်စင်လျှောက်ထားတဲ့ တန်ချိန်အပေါ် မူတည်ပြီး အရန်ဆန်အဖြစ် ၃ တန်ကို ၁ အိတ်နှုန်းပေးသွင်းခြင်း ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ အသင်းဝင်ကုမ္ပဏီများထံ အသိပေးထုတ်ပြန်လိုက်ပါတယ်။

       အဆိုပါ ပို့ကုန်အခြေပြု အရန်ဆန်ပေးသွင်းခြင်းကို ယခုနိုဝင်ဘာလမှာ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး ယခုပေးသွင်းရမယ့် ၃ တန် ၁ အိတ် အရန်ဆန်များရဲ့ ၄ ပုံ ၁ ပုံ ဖြစ်တဲ့ ၂၅ ရာခိုင်နှုန်းကို Physical အဖြစ် သတ်မှတ်သိုလှောင်ရုံသို့ တစ်ပတ်အတွင်း ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

       ဒါ့အပြင် ၃ တန် ၁ အိတ်ပေးသွင်းရမယ့် အရန်ဆန်များရဲ့ ၄ ပုံ ၃ ပုံ ၇၅ ရာခိုင်နှုန်းကို Earmark အဖြစ် စာရင်းမှတ်စနစ်နဲ့ ထားရှိနိုင်ရန် သတ်မှတ်ပုံစံများနှင့်အညီ လျှောက်ထားတင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ Physical ပေးသွင်းခြင်းအပေါ် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းမီ အရန်ဆန်တစ်အိတ် ဈေးနှုန်းအဖြစ် နိုဝင်ဘာလအတွက် တစ်အိတ်ကို ကျပ် ၆၂,၀၀၀ သတ်မှတ်ဆောင်ရွက်ရန် ညွှန်ကြားစာမှာ ပါရှိပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး Pre-License Inspection စစ်ဆေးပြီးတဲ့  ကုမ္ပဏီများ အနေနဲ့ ပို့ကုန်လိုင်စင် လျှောက်ထားခြင်းအပေါ် အရန်ဆန်ပေးသွင်းခြင်းကို လျှောက်ထားရန် အသိပေးထားပါတယ်။

#PAN