ဒီပဲယင်းမြို့နယ်တွင် ဝန်ထမ်းအိမ်ရာပေါ်သို့ အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦးဒဏ်ရာရ

နိုဝင်ဘာ ၇

       ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့၊ တောင်ပြင်ရပ်ကွက်  ရှိ ဝန်ထမ်းအိမ်ရာ၌  ပူးပေါင်းအဖွဲ့ အခြေပြုလုံခြုံရေးဆောင် ရွက်နေစဉ် အကြမ်း ဖက်အုပ်စု PDF အင်အား ၃၀ ဦးခန့်အခြေပြုနေသည့် အင်းတန်းကျေးရွာ  ဘက်မှ Drone ၁ စီးဖြင့် အမြင့်မီတာ ၅၀၀ ခန့်အကွာမှ PVC ပိုက်ဖြင့် ပြုလုပ်ထားသော Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး Drone သည် လာရာ လမ်းကြောင်း အတိုင်း ပြန်လည်ပျံသန်းသွားခဲ့ကြောင်း သိရသည်။


      ဝန်ထမ်းအိမ်ရာအတွင်း မြေကွက်လပ်သို့ ဗုံးသီး ၁ လုံးကျရောက် ပေါက်ကွဲခဲ့သဖြင့် အဆိုပါမြေကွက် လပ်တွင် ဆော့ကစားနေသည့် မောင်တင်ထူးအောင်၊ ၁၀ နှစ် ဗမာ/ဗုဒ္ဓ၊ Grade 4 အထက(ဒီပဲယင်း)၊ (ဘ)ဦးညဏ်လင်း တွင် ဝဲလက်ဖျံ/ ယာလက်မ/ ယာပေါင် ဗုံးသီးစ ထိမှန်ဒဏ်ရာများ(မစိုးရိမ်ရ)၊ မောင်သော်ဇင်ခန့် ၊၁၁ နှစ်၊ Grade 5 အထက (ဒီပဲယင်း)၊ (ဘ)ဦးမြင့်နိုင် တွင် ယာခြေဖမိုး ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်ရဲဇင်ထွန်း၊ ၆ နှစ်၊ KG တန်း၊ အထက(ဒီပဲယင်း)၊ (ဘ) ဦးထွန်းမြင့်စိုး တွင် ယာဒူး/ယာခြေဖနောင့် ဗုံးသီးစထိမှန် ဒဏ်ရာ (မစိုးရိမ်ရ)၊ မောင်ကောင်းထက်မြတ်၊ ၉ နှစ်၊ Grade 3 အထက(ဒီပဲယင်း)၊ (ဘ)ဦးဝင်းကိုနိုင် တွင် ယာတင်ပါး ပွင့်ထွက်ဒဏ်ရာ၊ ယာခြေ ဖနောင့် ဗုံးသီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မောင်မြင့်မြတ်အောင်သူ ၊ ၉ နှစ်၊ Grade 3 အထက(ဒီပဲယင်း)၊ (ဘ)ဦးအောင်သူ တွင် ဝဲလက်ပေါက်ပြဲ၊ ဝဲ/ယာခြေထောက် ဗုံးသီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မစုရတီလင်း၊ ၈ နှစ်၊ Grade 3 အထက(ဒီပဲယင်း)၊ (ဘ)ဦးရဲသူဝင်း တွင် ယာပေါင် ဗုံးသီးစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)၊ မယွန်းရတီမှုံ၊ ၇ နှစ် Grade ၁ အထက(ဒီပဲယင်း)၊ (ဘ)ဦးကျော်ဝင်းထွဋ် တွင် ဝဲ/ယာခြေသလုံး ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မမေသူဆန်းမြင့်၊ ၆ နှစ်၊ KG တန်း အထက(ဒီပဲယင်း)၊ (ဘ)ဦးဆန်းမြင့် တွင် နောက်ကျော ဗုံးသီးစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)၊ မအိန္ဒြေဇင်၊ ၁၂ နှစ်၊ Grade 5 အထက(ဒီပဲယင်း) ၊(ဘ)ဦးနန်းဝင်း တွင် ယာခြေ ထောက် ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မယွန်းမေသော်၊ ၈ နှစ် Grade 2 အထက(ဒီပဲယင်း)၊ (ဘ)ဦးမြင့်နိုင် တွင် ဝဲ/ယာပေါင်အသားစ ပွင့်ထွက် ဗုံးသီးစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) စုစုပေါင်း ၁၀ ဦး (စိုးရိမ်ရ ၂ ၊ မစိုးရိမ်ရ ၈) ရရှိခဲ့သဖြင့် ဝန်ထမ်းအိမ်ရာနေ အထက် တန်းသူနာပြု မှ ဆေးဝါးကုသ ပေးလျက်ရှိကြောင်း၊ ယခု သတင်းရရှိချိန်တွင် လူနာကလေးငယ်များအား ဆေးရုံသို့ ပို့ဆောင်နိုင်ရေး စီစဥ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

(Internet အခက်အခဲကြောင့် မှတ်တမ်းဓာတ်ပုံ တက်ပြနိုင်ခြက်းမရှိပါ)

#PAN