ရိုဒရီဂို ကို စာချုပ်သက်တမ်းတိုးလိုက်တဲ့ ရီးရဲလ်အသင်း

နိုဝင်ဘာ ၃

      ရီးရဲလ်အသင်း ဟာ ကြယ်ပွင့်ကစားသမား ရိုဒရီဂို ကို ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးလိုက်ပြီ ဖြစ်တယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။  ရိုဒရီဂို ဟာ ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်းဆုံးမှာ ဖြစ်ပေမယ့် ရီးရဲလ်အသင်း ၂၀၂၈ ခုနှစ်အထိစာချုပ်ထပ်မံတိုးမြှင့်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုဒရီဂို ရဲ့ စာချုပ်သစ်မှာ စာချုပ်လျော်ကြေး ယူရိုတစ်ဘီလီယံ ပေးချေရမည့်အချက်ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။

       လက်ရှိရာသီမှာ ရိုဒရီဂို ဟာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရတာဖြစ်ပေမယ့် ရီးရဲလ်အသင်းက ၎င်းရဲ့ခြေစွမ်းကို ယုံကြည်နေတာကြောင့် စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

       ဒါ့အပြင် ရီးရဲလ်အသင်းဟာ ကာမာဗင်ဂါ၊ မီလီတို နှင့် ဗယ်လ်ဗာဒီ တို့ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေ တာကြောင့် လာမယ့် ရက်သတ္တ ပတ်အနည်းငယ်အတွင်း စာချုပ်သက်တမ်းတိုးမှုကို ထပ်မံကြေညာ နိုင်ဖွယ် ရှိနေပါတယ်။

#PAN