စည်းကမ်းဖောက်ဖျက်မောင်းနှင်သည့် YBS ယာဉ်လိုင်းများ တွေ့ရှိလျှင် ခရီးသွားပြည်သူများက Viber မှတစ်ဆင့် တိုင်ကြားနိုင်

နိုဝင်ဘာ ၁

       ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်/လမ်း စည်းကမ်းဖောက် ဖျက်မောင်းနှင်သော ယာဉ်လိုင်းများ တွေ့ရှိပါက Viber မှ တစ်ဆင့်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

      YBS ယာဉ်လိုင်းများတွင် တစ်စီးနှင့် တစ်စီး ယှဉ် ပြိုင်ကျော်တက်မောင်းနှင်ခြင်း၊ မဆင်မခြင်အရှိန်ပြင်းမောင်းနှင်ခြင်း၊ မီးနီဖြတ်မောင်းနှင်ခြင်းနှင့် ကားဘေးတံခါးဖွင့် မောင်းနှင်ခြင်း၊ ယာဉ် ကြောပိတ်၍ ရပ်ခြင်းတို့ကဲ့သို့ စည်းကမ်းဖောက် ဖျက် မောင်းနှင်မှုများ တွေ့ရှိပါက မည်သူမဆို Viber နှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

      YBS ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်မှုကို တွေ့ရှိလျှင် ယခင်က ဖုန်းဖြင့်သာ တိုက်ရိုက် ဆက်သွယ် တိုင်ကြားမှုကို အရေးယူခဲ့ခြင်းဖြစ်ပြီး လက်ရှိ Viber ဖြင့် တိုင်ကြားမှုများကို တိုးချဲ့လက်ခံ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်သည်ဟု သိရပါသည်။

       ရန်ကုန်မြို့တွင်း ခရီးသွားများအနေဖြင့် စည်း ကမ်းဖောက်ဖျက်သည့် YBS ယာဉ်လိုင်းများကို တိုင် ကြားရန် ရန်ကုန် တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ဖုန်းနံပါတ်များဖြစ်တဲ့  (၀၉-၄၄၈၁၄၇၁၄၉၊ ၀၉-၄၄၈၁၄၇၁၅၃၊ ၀၉-၄၄၈၁၄၇၁၅၄) သို့ ဓာတ်ပုံ/Video မှတ်တမ်းနဲ့တကွ အချိန်၊ နေ့စွဲ၊ မှတ်တိုင် နေရာများဖြင့် ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရပါသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၂၅ ရက်အထိ ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့ အမှုပေါင်း ၁၆,၆၉၉ အထိရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ထုတ်ပြန်ချက်များအရ သိရသည်။

#PAN