မောင်တောမြို့နယ်တွင် ကာလတန်ဖိုးကျပ် ၁၆၆ ဒသမ ၅ သန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ်၊ ရေမျက်တောင်ကျေးရွာ၏ မြောက်ဘက် (၂)မိုင်ခန့်အကွာ ဓနိတောတွင် ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ကာလတန်ဖိုးကျပ် ၁၆၆ ဒသမ ၅ သန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရသည်။

မူးယစ်ဆေးဝါးသတင်းအရ တာဝန်ရှိသူများက ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် ဓနိတောအတွင်းမှ အထုပ် ၁ ထုပ်ထမ်း၍ ထွက်လာသည့် အမျိုးသား ၃ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်စေခိုင်းခဲ့ရာ ၎င်းတို့မှာ အဆိုပါအထုပ်အား ပစ်ချ၍ ထွက်ပြေးသွားခြင်းဖြစ်ပြီး အသိသက်သေများနှင့်အတူ အထုပ်အား ဖွင့်ဖောက်စစ်ဆေးခဲ့ရာ WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈၃,၂၅၀ ပြားအား သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လွှဲပြောင်းအပ်နှံထားပြီး တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်း သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews