လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများသယ်ဆောင်လာသည့် ယာဉ်တန်းများ ဂါဇာကမ်းမြောင်သို့ ထပ်မံရောက်ရှိ

အောက်တိုဘာ ၂၄

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသယ်ဆောင်လာသည့် ယာဉ်တန်းများ ဂါဇာကမ်းမြောင်သို့ အောက်တိုဘာ ၂၂ ရက်နေ့က ထပ်မံရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက် ထားရေးဆိုင်ရာရုံးက ပြောကြားသည်။

      အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပြင်းထန်သော တိုက်ပွဲများအတွင်းရေနှင့် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့နေရသည်။ အီဂျစ်နယ်စပ် ဖြတ်ကျော်မှုမှ ဂါဇာကမ်းမြောင်သို့ ထရပ်ကား ၁၄ စီး ယမန်နေ့က ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၁ ရက်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးယာဉ်အစီး ၂၀ ရောက်ရှိခဲ့ကြောင်း ကုလ သမဂ္ဂ လူသားချင်းစာနာထောက်ထားရေးဆိုင် ရာရုံးက ပြောသည်။

       သို့သော် ဂါဇာကမ်းမြောင်ရှိ ပြည်သူ ၂ ဒသမ ၂ သန်းအတွက် အရေးပေါ်လိုအပ်ချက်များကို ဖြည့် ဆည်းပေးရန် တစ်ရက်လျှင် ထရပ်ကား အစီးရေ ၁၀၀ လိုအပ်ကြောင်း သိရသည်။

      အစ္စရေးတပ်ဖွဲ့များသည် မြင့်မားသော အဆောက် အအုံများနှင့် ဥမင်လိုဏ်ခေါင်းများတွင် ဟားမတ်စ်တို့၏ အမာခံစခန်းများကို ပစ်မှတ်ထားကာ လေ ကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်ထက်ဝက်ခန့် ပျက်စီးခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ဆိုသည်။

       ထို့ပြင် အစ္စရေးတပ်ဖွဲ့သည် ဂါဇာကမ်းမြောင်အနီး မြေပြင်ထိုးစစ်အတွက် ပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ အလားတူ လက်ဘနွန်နိုင်ငံနှင့် မြောက်ပိုင်းနယ်စပ်တွင် အစ္စရေးတပ်ဖွဲ့ဝင်များ သည် အစ္စလာမ္မစ်ဟစ်ဇ်ဘိုလာအဖွဲ့နှင့် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျက်ရှိသည်။

       ဝန်ကြီးချုပ် နေတန်ယာဟုသည် အဆိုပါဒေသသို့ သွားရောက်ခဲ့ပြီး ၎င်း၏တပ်ဖွဲ့များ သည် စစ်ဆင်ရေးနှစ်ခုကို ဆင်နွှဲနေရကြောင်းပြောကြားသည်။ အဆိုပါနယ်စပ်အနီးတွင် နေ ထိုင်သူ ၄၀၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ ပြောင်းရန် အစ္စရေးအစိုးရက တောင်းဆိုထား သည်။

      ထို့ပြင် ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂဌာန ချုပ်ရှေ့တွင် ပြည်သူ ၁၂၀၀၀ ခန့်သည် အပစ်အခတ်ရပ်စဲရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

       ဟားမတ်စ်လုပ်ရပ်ကို လက်ခံနိုင်ဖွယ်မရှိကြောင်း ဆန္ဒထုတ်ဖော်သူတစ်ဦးက ဆိုသည်။ သို့သော် အစ္စရေးသည် ဂါဇာကမ်းမြောင်နှင့် အနောက်ဘက်ကမ်းတွင် နှစ်ပေါင်းများစွာ လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များကို လုပ်ဆောင်နေကြောင်းလည်း ၎င်းက ပြောကြားသည်။

#PAN