အောက်တိုဘာ ၁၉
ယခုနှစ် ဘောလုံးရာသီ အပြီးမှာ ပေါ်တူဂီနာမည်ကျော်နည်းပြ မော်ရင်ဟိုက လက်ရှိရာသီကုန်ဆုံးရင် ရိုးမားအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေကြောင်း အီတလီ မီဒီယာတွေ ဖော်ပြခဲ့ပါတယ်။
မော်ရင်ဟိုဘက်ကတော့ ရိုးမား အသင်းကနေ ထွက်ခွာဖို့ အစီအစဉ် မရှိသေးဘူးလို့ အစောပိုင်းက ပြောခဲ့ပေမယ့် ဘုတ်အဖွဲ့က မော်ရင်ဟိုနှင့် လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်၊၊
မော်ရင်ဟိုဟာ ပြီးခဲ့သည့်နွေရာသီကာလအတွင်း ဆော်ဒီကလပ် များနှင့် သတင်းထွက်ခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းအနေဖြင့် ရိုးမားကို ပြိုင်ပွဲစုံ ၁၁၉ ပွဲ ကိုင်တွယ်ရာတွင် ၅၉ ပွဲ အနိုင်ရရှိစေခဲ့ပြီး ကွန်းဖရန့်လိဂ်ဖလားလည်း ရယူပေးခဲ့ပါတယ်။