ယင်းမာပင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်း ဖက် PDFအဖွဲ့များ၏ စခန်းများကို မီးရှို့ဖျက်ဆီးပြီး ၎င်းတို့၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

အောက်တိုဘာ ၁၈

        စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အင်းကျေးရွာအုပ်စု၊ နံသာကုန်းရွာနှင့် ရွှေလှံရွာကြားတွင် အကြမ်းဖက် PDFအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့‌ကြောင်း ၊ အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဦး အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

       အဆိုပါ တပ်မတော်စစ်ကြောင်းသည် ၎င်းမှတစ်ဆင့် ဆက်လက်ထွက်ခွာလာရာ ဆင်တဲကျေးရွာရှိ သမအသင်းပိုင်အဆောက်အဦးကို အကြမ်း PDFအဖွဲ့များက စခန်းအဖြစ်အသုံးပြုထားသဖြင့် ၎င်းစခန်းကို မီရှို့ဖျက်စီးခဲ့သည်။

      တပ်မတော်စစ်ကြောင်းသည် ဆင်တဲကျေးရွာမှ ဆက်လက်ထွက်ခွာလာရာ ယမန်နေ့ ညတွင် လာဘို့‌ ကျေးရွာ၌ ညအိပ်ခဲ့ပြီး ယနေ့ နံနက်တွင် ဆက်လက်ရှင်း လင်းရေးဆောက်ရွက်ရာ ကုန်းရွာကျေးရွာ၏ အနောက်ဘက် သစ်တောထဲရှိ အကြမ်းဖက် PDF စခန်းကို ဆက်လက်ရှင်းလင်းရာ အချုပ် ခန်း ၁ ခု ၊ လူ ၁၀ ယောက်အိပ် တဲ ၆ လုံးနှင့် လက်လုပ်စိန်ပြောင်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

        ဆက်လက်၍ တပ်မတော်စစ်ကြောင်းသည်
အကြမ်းဖက်PDFစခန်းများရှိရာနှင့် အကြမ်းဖက် PDF များခိုးအောင်နေသော နေရာများကို ည အချိန်ချီတက်၍ ဆက်လက်ရှင်းလင်းနေကြောင်းသတင်းရရှိပါသည်။

       အဆိုပါ ယင်းမာပင်မြို့နယ်ဒေသသည် PDF အဖွဲ့ဝင် ၂၁ ဦးကို အကြမ်းဖက် PDF ခေါင်း ဆောင် ဗိုလ်သံမဏိ(သပြေအေးဘုန်းကြီးအတု) ဦးဆောင်အဖွဲ့က အချင်းချင်းသတ်ဖြတ်၍ နာမည်ဆိုးနှင့် ကျော်ကြားသောမြို့နယ်ဖြစ် ကြောင်း သိရှိရပါသည်။

#PAN