သပိတ်ကျင်းမြို့နယ်၊ပေါက်တပင်ကျေးရွာနှင့်ရွှေကျွန်းပင်ကျေးရွာ အကြား၊မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်၌ PDF များထောင်ထားသော မိုင်းပေါက်ကွဲ၊ ယာဥ်နောက်လိုက် အမျိုး သား တစ်ဦး သေဆုံး

အောက်တိုဘာ ၁၆

       မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ပေါက်တပင်ကျေးရွာနှင့်ရွှေကျွန်းပင်ကျေးရွာ အကြား၊မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းပေါ်၌ ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မိုင်းပေါက်ကွဲမှုကြောင့် ဖြတ်သန်းသွားလာသော တွဲကား ၁ စီး ထိမှန်ပြီး အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

      ဖြစ်စဥ်မှာ မန္တလေးမှ မြစ်ကြီးနားသို့ ကုန်စုံများတင်၍ ဦးနောင်နောင်၊၄၃နှစ်၊(ဘ)ဦးသန်းထွန်း၊၄၄×၄၅လမ်းကြား၊မြို့ရှောင်လမ်း၊မန္တလေးမြို့နေသူ မောင်းနှင်ပြီး ထက်ဝေအောင်၊၂၀ နှစ်၊(ဘ)ဦးကျော်လင်း၊မတ္တရာမြို့နေသူ ယာဥ်နောက်လိုက်အဖြစ် လိုက်ပါလာသော ၂၂ ဘီး၊နောက်တွဲယာဥ်အမှတ် 7L-9823 သည် ရွှေကျွန်းပင်ကျေးရွာ၏မြောက်ဘက် မီတာ ၈၀၀ခန့်အကွာသို့အရောက်တွင် ကားလမ်း၏ အရှေ့ဘက် ၅ ပေခန့် အကွာမှ အကြမ်းဖက် PDF များ ထောင်ထားသော မိုင်း ၂လုံး ပေါက်ကွဲခဲ့ခြင်းဖြစ် သည်။

       ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ယာဥ်နောက် လိုက် ထက်ဝေအောင်တွင် ဦးခေါင်း ယာဘက် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာ-နား ဖောက်ဝင်ဒဏ်ရာ ၁ချက်၊နောက်ကျော ဖောက်ဝင်ဒဏ်ရာ ၁ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ယာဥ်မှာ ရှေ့ဘီးပွင့်၊ဆီတိုင်ကီပေါက် ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက် PDF များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုနေသော ကားလမ်းများပေါ်တွင် ယခုလို မိုင်းထောင်ခြင်းကြောင်း အပြစ်မဲ့ပြည်သူများ မကြာခဏသေဆုံး နေကြရပါသည်။ အကြမ်းဖက် PDF များ၏ လူမဆန်သော လုပ် ဆောင်မှုများကြောင့် ပြည်သူလူထု ထောက်ခံမှုမရှိတော့ဘဲ ရွံရှာမုန်းတီးလာကြကြောင်း သိရပါ သည်။