၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားအဖြစ် စီရော်နယ်လ်ဒို သတ်မှတ်ခံရ

အောက်တိုဘာ ၁၆
၂၀၂၃ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ဦးဆောင်ခဲ့ပါတယ်။
Forbes မဂ္ဂဇင်း ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းမှာ စီရော်နယ်လ်ဒိုက အဆင့် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သူ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာကစားနေတဲ့ စီရော်နယ်လ်ဒိုဟာ လစာအပါအဝင် ၁ နှစ်ကို ပေါင် ၂၆၀ သန်းအထိ ရရှိနေတာကြောင့် အခုစာရင်းမှာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။