ငွေလိမ်ဂိုဏ်းတွင် ပါဝင်ခဲ့သည့်

အမျိုးသား ၂ ဦးကို တရုတ်အစိုးရဘက်မှ ဖမ်းဝရမ်းထုတ်

အောက်တိုဘာ ၁၂

တရုတ်နိုင်ငံ၊ ကူမင်းမြို့နှင့် ဟန်ကျိုးမြို့ အများပြည်သူလုံခြုံရေးဌာနအဖွဲ့မှ ငွေလိမ်ဂိုဏ်းတွင် ပါဝင်သူ ၂ ဦးကို ဖမ်းဝရမ်းထုတ်၍ ကြေညာထားကြောင်း သိရပါသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသူ ၂ ဦးမှာ UWSA ဝ အရာရှိ ၂ ဦး
ဖြစ်ကြောင်းသိရသလို ၎င်းတို့ ၂ ဦးသည် ကျားဖျန့်လို့ခေါ်တဲ့ အွန်လိုင်းကနေ ငွေလိမ်တဲ့လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ခံရကြောင်း သတင်းများအရ ကြားသိရပါသည်။

အဆိုပါ ဝရမ်းထုတ်ခံရသူ ၂ ဦးအနက် တစ်ဦးဟာ လက်ရှိ ဝပြည်နယ်အစိုးရဆောက်လုပ်ရေးဌာနကြီးမှူး ပေါက်အိုက်ပန်း (ခေါ် )ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် (ယခင် ၄၆၈ တပ်မဟာမှူး၊ ဝခေါင်းဆောင် ပေါက်ယူချန်း၏ တူတော်စပ်သူ ဖြစ်ကြောင်း သိရသလို ကျန်တစ်ဦးသည်လည်း UWSA ဝနယ်၊ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော် (ခေါ် )ဟော်ချွင်ထင် (ဝခေါင်း ဆောင်ပေါက်ယူချန်း သားမက်ဟောင်း) ဖြစ် ကြောင်း သိရှိရပါသည်။

၄င်းတို့ကို ဖမ်းမိအောင် သတင်းပေးကူညီသူကို တရုတ်ယွမ် ၁ သိန်းမှ ၅ သိန်းအထိပေးမည်ဟု တရုတ်ဘက်မှ ကြေ ညာထားကြောင်း သိရှိရပါသည်။