အစ္စရေးတပ်ဖွဲ့နှင့် ဟားမားစ်အဖွဲ့တို့အကြား တိုက်ပွဲများအတွင်း ၂၁၀၀ ထက်မနည်းသေဆုံး

အောက်တိုဘာ ၁၂

        ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့ နှင့် ပါလက်စတိုင်း စစ်သွေးကြွ ဟားမားစ်အဖွဲ့တို့အကြား တိုက်ပွဲများအတွင်း အနည်းဆုံး ၂၁၀၀ ထက်မနည်းသေဆုံးကြောင်း သိရသည်။

        အစ္စရေးတပ်ဖွဲ့က ဂါဇာဒေသကို လေ ကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်နေချိန်တွင် ဟားမားစ်အဖွဲ့က အစ္စရေးနိုင်ငံကို ဒုံးကျည်များဖြင့်ပစ်ခတ်နေသည်။ ပဋိပက္ခများ စတင်ဖြစ်ပွားပြီးကတည်းက အစ္စရေးဘက်ခြမ်းမှာ အနည်းဆုံး ၁၂၀၀ သေဆုံးခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး အပြန်အလှန်အား ဖြင့် တိုက်ပွဲများအတွင်း လူ ၉၀၀ သေဆုံးကြောင်း ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူများက မှတ်ချက်ပြု ပြောကြားသည်။ အစ္စရေးတပ်ဖွဲ့၏လေကြောင်းတိုက်ခိုက်မှုတွင် ဟားမားစ်ခေါင်းဆောင်နှစ်ဦးသေဆုံးခဲ့သည်။

         အစ္စရေးတပ်ဖွဲ့သည် မြေပြင်ထိုးစစ်ဆင်ရန်ပြင်ဆင်နေကြောင်း အစ္စရေး ကာကွယ်ရေးဝန် ကြီး Yoav Gallant ကပြောကြားခဲ့သည်။ အစ္စ ရေးနိုင်ငံတောင်ပိုင်း Ashkelon မြို့နှင့် Tel Aviv မြို့တို့ကို လေကြောင်းတိုက်ခိုက်မှု ဆောင်ရွက်မည်ဟု ဟားမားစ်အဖွဲ့က အောက်တိုဘာ ၁၀ ရက်တွင် သတိပေးခဲ့ပြီးနောက် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။ အချို့သော ဒုံးကျည်များသည် Ashkelon ရှိ လူနေရပ်ကွက်များကို ထိမှန်ပြီး ဒေသခံများဒဏ်ရာများရရှိခဲ့သည်ဟု မီဒီယာများက ပြောသည်။

       ၎င်းဖြစ်စဉ်ကို တုံ့ပြန်သောအားဖြင့် အစ္စရေး စစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသကို  လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။

#PAN