အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကျပ် ၇၅၀,၀၀၀ သတ်မှတ်

အောက်တိုဘာ ၁၁

        အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်း၊ မှော်၊ သဲ၊ ခဲ ကင်းစင်ကာ အရည်အသွေးဆိုင်ရာ သတ်မှတ် စံချိန်စံညွှန်းနှင့် ကိုက်ညီသော တစ်တင်း ၄၆ ပေါင်ကိုက် စပါးတင်း ၁၀၀ ၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ကျပ် ၇၅၀,၀၀၀ သတ်မှတ် လိုက်သည်ဟု တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

        ယခု သတ်မှတ်သည့် အခြေခံရည်ညွှန်းစပါးဈေးနှုန်းမှာ ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဈေးကွက်ပေါက်ဈေးတွင် အခြေခံ ရည် ညွှန်း စပါးဈေးနှုန်း သတ်မှတ်လာလျှင် ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမှာဖြစ်ပြီး အခြေခံရည်ညွှန်းစပါး ဈေးနှုန်းအောက်တွင် ရောက်နေပါက ရည်ညွှန်းဈေးနှင့် ဝယ်ယူရမှာဖြစ်သည်ဟု ဆိုပါသည်။

       အခြေခံရည်ညွှန်းဈေးနှုန်းနှင့် ရောင်းချရန်အခက် အခဲရှိသည့် တောင်သူလယ်သမားများအနေနှင့် မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်၏ မြို့နယ်ကိုယ်စားလှယ်ရုံးများဖြစ်စေ၊ အသင်းချုပ်ရုံးကိုဖြစ်စေ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

#PAN