ကံပိုင်တည်ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံကို တစ်လအတွင်း တစ်သျှူးငှက်ပျောတန်ချိန် ၃,၁၀၀ ကျော် တင်ပို့ထား

အောက်တိုဘာ ၁၀

      ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကံပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ  တရုတ်နိုင်ငံသို့ တစ်လအတွင်း တစ်သျှူးငှက်ပျောတန်ချိန် ၃,၁၀၀ ကျော် တင်ပို့ထားနိုင်ပြီဖြစ်သည်ဟု  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းထုတ်ပြန်ထားမှုအရ သိရပါသည်။

       ကံပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းမှကုန်စည်တင်ပို့ရာတွင် တစ်သျှူးငှက်ပျောသည် အဓိကပို့ကုန်တစ်ခုဖြစ်သည်။ တစ်သျှူးငှက်ပျောတင်ပို့မှုအရ တစ်တန်ကို ၂,၄၉၃ ယွမ် ပေါက်ဈေးရှိပြီး လက်ရှိတွင် တစ်လကြာအတွင်း တန်ချိန် ၃,၁၀၀ ကျော်တင်ပို့နိုင်ခဲ့သည်။

       စက်တင်ဘာလအတွင်း  တစ်သျှူးငှက်ပျောပို့ကုန်အပြင် တရုတ်နိုင်ငံကို ကံပိုက်တီးနယ်စပ်ဂိတ်မှတစ်ဆင့် လောင်စာတောင့်နဲ့ Iron Concentrate တို့ကို တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေနှင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်း နိုင်ခဲ့ပါသည်။

      အဆိုပါ ကံပိုက်တီးကုန်သွယ်ရေးစခန်းမှာ အတက်အဆင်းကုန်များအတွက် အငှားယာဉ်နှင့် တင်ဆောင်ခြင်း မဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များက သက်ဆိုင်ရာ ကုမ္ပဏီပိုင် ယာဉ်များနှင့်သာ တိုက်ရိုက် တင်ပို့၊ တင်သွင်းနေခြင်းဖြစ် ကြောင်း သိရပါသည်။

#PAN